Ep-1(Zawgyi+Uni)

29.3K 791 5
                                    

Zawgyi

ခွမ်း!!!

"ထွက်​သွား!ငါ့နားကိုဘယ်​သူမှမလာကြနဲ့ အကုန်​ထွက်​သွား!!"

wheel chair ​ပေါ်မှအသံကုန်​​အော်​ဟစ်​ကာ ​​သောင်းကျန်း​နေတဲ့လူတစ်​​ယောက်​။အခန်းထဲ အမှိုက်​ပုံလိုပွစကြဲလျက်​၊တစ်​စုံ
တစ်​​ယောက်​မှ သူ့အနားမကပ်​ရဲကြ။အခန်းထဲမှ အိမ်​​​စေ​ကောင်
လေးများကလည်း ​ကြောက်​​ကြောက်​လန့်​လန့်​နဲ့ထွက်​​ပြေးသွား
ကြသည်​။

အခန်းပြင်​​ရောက်​​တော့ ...

"ကျွန်​​တော်​အလုပ်​ထွက်​​တော့မယ်​..ဒီမှာကြာကြာ​နေရင်​ ကျွန်​​တော်
သည်းခံနိုင်​မှာမဟုတ်​​တော့ဘူး"

"ဟုတ်​တယ်​ ကျွန်​​တော်​​ရောဘဲ သူ.သူက​ကြောက်​ဖို့​ကောင်းတယ်​!"

အိမ်​​စေ​ကောင်​​လေး​တွေရဲ့တစ်​​ယောက်​တစ်​​ပေါက်​အ​ပြောစကား
ကြောင့်​ ​​ထိုက်​ဦး​ခြွေ စိတ်​ညစ်​စွာ​ခေါင်းကုပ်​လိုက်​သည်​။

"လခလည်း​ပေးမ​နေနဲ့​တော့ ကျွန်​​တော်​တို့မယူ​တော့ဘူး..ပြန်​​တော့
မယ်​"

"ဟာ..​​ဟျောင်း​တွေ​နေကြဦး!"

သူ့အ​ပြောကို မ​စောင့်​ကြဘဲချက်​ချင်း​​ပြေးထွက်​သွားကြ​သော ​ကောင်​​လေး​တွေကိုကြည့်​ကာ ထိုက်​ဦး​ခြွေ သက်​ပြင်းလုံးလုံးချ
မိ​တော့သည်​။

ဘယ်​လိုလုပ်​ရပါ့မလဲ?ဒီတစ်​ခါလည်း အိမ်​​စေ​တွေထွက်​​ပြေးသွား
ကြပြန်​ပြီ။၂ရက်​​လောက်​​တောင်​မခံကြပါလား?ဒီတစ်​ခါအိမ်​​စေ
ကောင်​​လေး​တွေထွက်​​ပြေးခြင်းက အခါ၂၀​မြောက်​ပင်​ဖြစ်​သည်​။
ကိုထင်​တစ်​​ယောက်​နဲ့ခက်​ပါ့။

အ​တွေးဖြင့်​ အခန်းတံခါးကိုဖွင့်​ကြည့်​လိုက်​စဉ်​...

ကျွီ....

"ဘယ်​သူလဲ?!ငါ့အနားကိုမလာခဲ့နဲ့လို့​ပြောထားတယ်​​လေ!"

wheel chair​ပေါ်မှတဆင့်​ ပြတင်း​ပေါက်​ကိုမျက်​နှာမူကာ
အသံကြိတ်​​ပြောလိုက်​တဲ့ ထင်​​ပေါ်​ကျော်​​ဇော။

"ကိုထင်​ ကျွန်​​တော်​ပါ"

"...."

ကိုထင်​ကဘာမှမ​ပြောဘဲ ငြိမ်​​နေတာ​ကြောင့်​ထိုက်​ဦး​ခြွေတစ်​​ယောက်​ အခန်းထဲသို့​ခြေတစ်​ဖက်​အရင်​ချလိုက်​သည်​။အိပ်​ယာ​ဘေးမှ ပျံ့ကြဲ​နေတဲ့ထမင်းလုံးများ၊ဟင်းများ၊ပန်းကန်​ကွဲစများနှင့်
ဆေးလုံးအ​မြောက်​အများ။ဘယ်​က​နေစရှင်းရမှန်း​တောင်​ မသိ​တော့
ပေ။ဒါ​ကြောင့်​လည်း ကိုထင့်​ကိုဘယ်​သူမှသည်းမခံနိုင်​တာဖြစ်​ကြ
မယ်​။

Healing me(completed)Where stories live. Discover now