Ep-16(Zawgyi+Uni)

6.5K 469 17
                                    

zawgyi

🎶🎶🎶

လူတစ်​​ယောက်​ရဲ့​ကောင်းကွက်​ချည်းဘဲ
လိုချင်​​တော့...xီးဘဲရမယ်

ဒွန်​တွဲတဲ့ဆိုးကွက်​လည်းပါမယ်

🎶🎶🎶

သျှားရဲ့အရွဲ့တိုက်​တဲ့သီချင်းသံကြီးက လမ်းမ​ပေါ်တွင်​ပျံ့နှံ​နေသည်​။
ပါး​ပေါ်မှ ဒဏ်​ရာကြီးက လက်​တစ်​၀ါးစာ။လမ်း​မ​ပေါ်တွင်​ လှဲအိပ်​ကာ ဂစ်​တာတီးကာ ​ရောက်​တတ်​ရာရာ​တွေ​လျှောက်​ဆို​နေ​လေသည်​။

ဝုတ်​!၀ုတ်​!၀ုတ်​!

"အာ...ဒီ​ခွေး​တွေက တစ်​မျိုး!"

အိပ်​​နေရင်းမှ​ခေါင်း​ထောင်​ကာ ​ခွေး​တွေအားဆဲလိုက်​​သေးသည်​။

"​ဘေဘီ...ရှပ်​ တူ..တူ..တူ..တူ...
ဘေဘီ...ရှပ်​..တူ..တူ..တူ..တူ.."

ဒန်​!ဒန်​!ဒန်​!

အားကုန်​တီးခတ်​မှု​ကြောင့်​ဂစ်​တာကြိုး​တွေပြတ်​​တော့မည်​။

"lonely....I'm so lonely
I have nobody to call my own..."

မျက်​လုံးနှစ်​လုံးစုံမှိတ်​ကာ ဆို​နေရာမှ မျက်​လုံးဖွင့်​ကြည့်​လိုက်​စဉ်
သူ့အားငုံ့ကြည့်​​နေတဲ့ လူတစ်​​ယောက်​နဲ့ဆုံ​လေသည်​။ဇောက်​ထိုး
ကြီးဆို​တော့ သူလည်း ထိုသူအား စူးစိုက်​စွာကြည့်​​နေသည်​။

"ဟင်​..ချာတိတ်​!"

"အမ်​"

ထိုက်​ဦး​ခြွေလမ်းမ​ပေါ်ပက်​လက်​လန်​ကာအိပ်​​နေတဲ့ ထိုက​လေး​ကြောင့်​ ကား​ပေါ်မှဆင်းလာခဲ့သည်​။သေချာကြည့်​လိုက်​​တော့မှ
ဇင်​​ရော့်​သူငယ်​ချင်း သျှားဆိုတဲ့​ကောင်​​လေးဖြစ်​​နေသည်​။

"မင်းဒီမှာဘာလုပ်​​နေတာလဲ?"

"..."

"မျက်​နှာ​မှာလည်း ဒဏ်​ရာ​တွေနဲ့ ​ရန်​ဖြစ်​ထားတာလား?"

စိုးရိမ်​တကြီး​ပြော​ပေမယ့်​လည်း ထိုက​လေးဆီမှ တုံ့ပြန်​သံမလာ။
ထိုက​လေးကလည်း သူ့အားကြည့်​​နေလျက်​သား။

"​ဆေးခန်းသွားမလား?ကိုယ်​လိုက်​ပို့​ပေးမယ်​ ထ!"

"မလိုပါဘူး"

Healing me(completed)Where stories live. Discover now