Ep-8(Zawgyi+Uni)

7.3K 500 13
                                    

zawgyi

"၀ါး...အခန်းကြီးကရှယ်​ဘဲကွာ!"

"ဟုတ်​ပါ့ဟယ်​"

private​ဆေးရုံသို့ ​ဇင်​​ရော့်​ရဲ့သူငယ်​ချင်းနှစ်​​ယောက်​​ရောက်​လာကြခြင်းဖြစ်​သည်​။private​ဆေးရုံမို့အခန်း​တွေကသန့်​ရှင်း
သပ်​ရပ်​သည့်​အပြင်​ အခန်းတိုင်းတွင်​ကိုယ်​ပိုင်​​ရေချိုးခန်း၊သန့်​စင်
ခန်းများပါဝင်​သည်​။ကိုယ်​အခန်းနဲ့ကိုယ်​မို့ စိတ်​မရှုပ်​ရ​ပေ။အေး​ဆေး
နေလို့ရသည်​။

"လာထိုင်​ကြ"

ဇင်​​ရော်​​ခေါ်လိုက်​​တော့ သူငယ်​ချင်းနှစ်​​ယောက်​က သူ့အနား​ရောက်​လာကာ ထိုင်​ကြသည်​။

"အန်​တီ​နေ​ကောင်းတယ်​​နော်​?"

"​ကောင်းပါတယ်​ကွယ်​"

ကုတင်​​ပေါ်လဲ​လျောင်း​နေတဲ့ အ​မေကပြန်​​ဖြေသည်​။

"​မေ​မေ ထမင်းဆာပြီလား?"

"မဆာ​သေးပါဘူးကွယ်​ သားတို့​သူငယ်​ချင်း​တွေ​အေး​ဆေးစကား​ပြောကြ​လေ"

"ဟုတ်​ကဲ့ တစ်​ခုခုလိုအပ်​ရင်​သားကို​ပြော​နော်​ ​မေ​မေ"

"​အေးပါကွယ်​ nurse​တွေလည်းရှိ​နေတာဘဲ"

ဇင်​​ရော်​တို့လည်း မလှမ်းမကမ်းမှ ခုံများတွင်​၀င်​ထိုင်​လိုက်​ကာ
စကား​ပြောကြသည်​။

"ဇင်​​ရော်​"

"​အေး"

"အန်​တီ မင်းကို​မေး​သေးလား?"

"ဒီ​ဆေးရုံကို​ပြောင်းတဲ့ကိစ္စလား?"

"အင်း"

ဇင်​​ရော်​ အသံတိုးတိုး​လေးဖြင့်​ ဆိုလိုက်​သည်​။

"ငါ့ရဲ့​ကျောင်းကဆရာတစ်​​ယောက်​က ကူညီ​ပေးတာလို့​ပြောထားတယ်​ "

"အဲ့​တော့ အန်​တီကယုံလား?"

"ဟင့်​အင်း ဒါ​ပေမဲ့ ငါလည်း ​ယုံ​အောင်​​ပြောရတာ​ပေါ့ကွာ
ရုတ်​တရက်ကြီး​ပြောင်းလိုက်​ရတာ​ဆို​တော့​လေ ငါကိုယ်​တိုင်​​တောင်
မယုံနိုင်​ဘူး"

"​အေးကွာ..အဲ့ဘဲကြီးကမင်းကိုသိပ်​အ​ရေး​ပေးတာ​နော်​ ဘာ​ကြောင့်​လဲ​တော့မသိ ငါ​တော့အဲ့လိုခံစားရတယ်​"

Healing me(completed)Where stories live. Discover now