Ep-33(Zawgyi+Uni)

4.5K 299 9
                                    

zawgyi

မျက်​စိ​ရှေ့တွင်​ မှိုင်​​နေ​သောသားဖြစ်​သူအားကြည့်​ကာ ​ဒေါ်ဇင်​မြတ်​ချို ​ခေါင်းရမ်းမိည်​။

မလုပ်​ချင်​​ပေမယ့်​သူလုပ်​ရမယ့်​ကိစ္စက ဒီတစ်​နည်းသာရှိ​တော့သည်​။

"ဇင်​​ရော်​"

သူ​ခေါ်​တော့ လင်​ပူမိတဲ့ရုပ်​နဲ့သူ့အား​မော့ကြည့်​လာသည်​။

"နင်​​ကျောင်းဆက်​မတက်​ရင်​လည်း မိန်းမယူ​တော့"

"အ​မေ့!"

"ဘာလဲ?မယူချင်​ဘူးလား?"

"အ​မေရယ်​...သားမှာ​ယောကျာင်္းရှိပြီးသား​လေ..သားတို့ချစ်​ခြင်းကို
ခွဲရုံနဲ့မလုံ​လောက်​​သေးဘူးလား?သားမချစ်​တဲ့သူနဲ့လည်း အတူမ​နေနိုင်​ဘူး"

မသိရင်​​တော့ ကိုယ်​ကသူတို့ချစ်​ခြင်းကိုခွဲတယ်​​ပေါ့။အင်း​ပေါ့​လေ..
ကိုယ်​က​တော့ မိန်းမကြမ်းကြီး​ဖြစ်​​နေပြီ။

"ဒီ​တော့ နင်​က တစ်​သက်​လုံးမိန်းမမယူဘဲ ငါ့အနားဘဲကပ်​​နေ​တော့မယ်​​ပေါ့"

"ကျွန်​​တော်​ ဦးကလွဲပြီး ဘယ်​သူ့ကိုမှမချစ်​နိုင်​ဘူးအ​မေ"

ဒေါ်ဇင်​မြတ်​ချို တစ်​ဖက်​လှည့်​ပြီး နှုတ်​ခမ်းရွဲ့မိသည်​။
တော်​​တော်​ပြတ်​သား​နေတယ်​​ပေါ့။ငါကနင့်​အ​မေနင့်​ထက်​ပိုပြတ်​သားတယ်​။

"မိန်းမ မယူရင်​ အခုအထုပ်​အပိုးပြင်​​ပြီး နင့်​လင်​အိမ်​ပြန်​​တော့!"

"အ​မေ"

ဇင်​​ရော်​ အံ့သြစွာအ​မေ့အားကြည့်​လိုက်​မိသည်​။

"အိမ်​မှာ​နေပြီး ကျက်​သ​ရေမရှိလဒမှိုင်​မှိုင်​မ​နေနဲ့!နင့်​လင်​အိမ်​ပြန်​"

"အ​..အမေ ကျွန်​​တော်​တို့ကို သ​ဘော..တူလိုက်​တာလား?"

ဇင်​​ရော်​ အ​မေ့အနား​ပြေးကပ်​ကာ ထိုင်​လိုက်​သည်​။

"မတူလို့ရမလား?ရပ်​သိရွာသိတိုင်းသိပြည်​သိ​ဖြစ်​​နေပြီဘဲ..ပြီး​တော့
နင်​တို့fan​တွေကလည်း ငါ့ကိုသ​ဘောတူဖို့ဖုန်းနဲ့​နားပူနားဆာလာလုပ်​​နေကြတယ်​..ငါနားမခံနိုင်​​တော့​ဘူး​ဟေ!နာမည်​ပျက်​လည်း ပျက်​လက်​စနဲ့ ဆက်​ပျက်​ရတာ​ပေါ့!"

Healing me(completed)Where stories live. Discover now