Ep-19(Zawgyi+Uni)

5.7K 417 21
                                    

zawgyi

"ငါ​ရောက်​ပြီ မင်းတို့ဘယ်​မှာလဲ?"

"ဟုတ်​ပြီ ကျုပ်​လူနှစ်​​ယောက်​လွှတ်​လိုက်​မယ်​"

သူဖုန်းချပြီး​နောက်​ ​ဇေးကိုရဲ့တပည့်​နှစ်​​ယောက်​​ရောက်​လာသည်​။
ပြီး​နောက်​ သူ့တစ်​ကိုယ်​လုံးကိုစစ်​​ဆေးပြီး ​ဇေးကိုရှိတဲ့​နေရာသို့
လမ်းပြသည်​။
သူ​​မြင်​​တွေ့ရတဲ့​နေရာက​တော့ ဂို​ဒေါင်​ပျက်​တစ်​ခုပင်​ဖြစ်​သည်​။အပြင်​မှာလည်း အ​စောင့်​နှစ်​​ယောက်​ရှိသည်​။သူဂို​ဒေါင်​ထဲဝင်​သွား​တော့ ထွားထွားကျိုင်းကျိုင်းလူဆယ်​​ရောက်​​လောက်​ရှိသည်​။ဇေးကို ကို​တော့အခုထိမ​တွေ့​သေး​ပေ။

"ခင်​များ​ရောက်​လာပြီလား?"

ဇေးကိုက ​ဆေးလိပ်​​သောက်​​နေရင်းမှ အခန်းတစ်​ခန်း မှ​ထွက်လာသည်​။

"မင်းလိုချင်​တဲ့ စာချုပ်​စာတမ်း​တွေအကုန်​ပါတယ်​"

ထင်​​ပေါ်ကိုင်​ထားတဲ့လက်​ကိုင်​အိတ်​အား​မြောက်​ပြလိုက်​သည်​။
ဇေးကိုက ​မေး​ငေါ့ပြကာ သူ့တပည့်​တစ်​​ယောက်​အား ယူခိုင်း​သည်​။

"​နေဦး"

"..."

ထင်​​ပေါ်က မ​ပေး​တော့ ​ဇေးကိုက ဘာလဲဆိုသည့်​သ​ဘောဖြင့်
ကြည့်​သည်​။

"ဇင်​​ရော့်​ကိုအရင်​​ခေါ်​ပေး"

"ခင်​များအရင်​​ပေးရင်​ ​ခေါ်​ပေးမယ်​"

"ငါ မလိမ်​ဘူးသူ့အသက်​ထက်​အ​ရေးကြီးတာ ဘာမှမရှိဘူး အဲ့ဒါ​ကြောင့်​ သူ့ကိုအရင်​​ခေါ်​ပေးပါ ပြီးရင်​ မင်းလိုချင်​တာငါ​ပေးမယ်​"

ဇေးကိုက သက်​ပြင်းတစ်​ချက်​ချပြီး လက်​ထဲက ​ဆေးလိပ်​အား​မြေ
ပြင်​​ပေါ်ချကာ နင်း​ချေလိုက်​သည်​။

"​ကောင်းပြီ​လေ..​ဟျောင်း​တွေ ​ဟို​ကောင်​​လေးကို​ခေါ်လာခဲ့"

ခဏ​နေ​တော့ အခန်းတစ်​ခုမှ ​ဇေးကိုရဲ့လူနှစ်​​ယောက်​က ​ကောင်​​လေးအား ဆွဲ​ခေါ်လာကြသည်​။မ​တွေ့ရတာ တစ်​ရက်​နဲ့တစ်​ပိုင်းရှိ
လေပြီ။ကောင်​​လေးမျက်​နှာဟာ သိသိသာသာညိုးကျပြီး ပါး​လေး
တစ်​ဖက်​က သိသိသာသာ​ယောင်​ကိုင်း​နေသလို။ဒီ​ကောင်​​တွေ
က​လေးကို ဘာလုပ်​ထားကြတာလဲ?

Healing me(completed)Where stories live. Discover now