Ep-11(Zawgyi+Uni)

6.9K 498 16
                                    

zawgyi

ထမင်းစားဝိုင်းတွင်​ တစ်​​ယောက်​မှတုပ်​တုပ်​မလှုပ်​ရဲကြ​ပေ။အ​ကြောင်းမှာ ထမင်းစားပွဲထိပ်​တွင်​မိန့်​မိန့်​ကြီးထိုင်​​နေတဲ့ထင်​​ပေါ့်
ကြောင့်​ဖြစ်​သည်​။ဝသန်​နဲ့တိုင်းထက်​လည်း တစ်​​ယောက်​မျက်​နှာတစ်​​ယောက်​ကြည့်​ကာ တိတ်​တိတ်​​လေးမျက်​စပစ်​ရင်းထင်​​ပေါ့်
အားကြည့်​​နေကြသည်​။ထိုက်​ဦး​ခြွေကလည်း ငုတ်​တုပ်​ကြီးအစ်​ကို
ဖြစ်​သူအရိပ်​အကဲအားကြည့်​​နေသည်​။

"ဇင်​​ရော်​ပြန်​မလာ​သေးဘူးလား?"

ထင်​​ပေါ်​မေး​တော့ ထိုက်​ဦး​ခြွေက

"ခုနကဖုန်းဆက်​ထားတယ်​ ကိုထင်​ ခဏ​နေ​ရောက်​လာလိမ့်​မယ်​"

ထင်​​ပေါ်လည်း​ခေါင်းငြိမ့်​ကာဇင်​​ရော့်​အား​စောင့်​​နေလိုက်​သည်​။

ခဏ​နေ​တော့ အိမ်​ထဲဝင်​လာတဲ့ဆိုင်​ကယ်​သံ​လေးကြားရသည်​။
ဇင်​​ရော်​ကဆိုင်​ကယ်​ဦးထုပ်​​လေးနဲ့လွယ်​အိတ်​​လေးကိုဧည့်​ခန်း​မှာချွတ်​ခဲ့ပြီး ဟင်းထုပ်​​လေးကိုင်​ကာ ထမင်းစားခန်းထဲဝင်​လာ​သည်​။

"ကျွန်​​တော်​​ရောက်​ပါပြီ"

"မင်းဘယ်​​ရောက်​​နေတာလဲဇင်​​ရော်​ ငါဖုန်း​ခေါ်တာကြာပြီ"

ထိုက်​ဦး​ခြွေ​မေး​တော့ ဇင်​​ရော်​ကဟင်းထုပ်​အားတိုင်​မှာချိတ်​လိုက်​ကာထိုက်​ဦး​ခြွေနဲ့မျက်​နှာချင်းဆိုင်​မှာထိုင်​လိုက်​သည်​။

"ငပိရည်​ကျိုစားချင်​​နေလို့ ကျွန်​​တော်​တို့လမ်းထိပ်​က
ငပိရည်​ကျိုဆိုင်​​မှာဝယ်​​နေတာနဲ့ကြာသွားတာ"

အိုးခင်းထဲဆီ​သုတ်​ကာ ပင်​နံသီး​လေးကိုအရင်​​လှော်​သည်​။ပြီး​နောက်​ ​အဲ့ပင်​နံသီး​တွေကို​ထောင်းကာ ကျိုထားတဲ့ငပိရည်​ထဲထည့်
သည်​။မွှေး​မွှေးစပ်​စပ်​​လေးမို့အရသာရှိကာဇင်​​ရော်​အကြိုက်​ပင်​ဖြစ်​သည်​။

"​သြော်​...မင်းမလဲ ငပိရည်​ကျိုများ​သွားဝယ်​လို့ ​ကောင်း​ကောင်းကန်းကန်းထင်​​နေလား?"

Healing me(completed)Where stories live. Discover now