Ep-24(Zawgyi+Uni)

5.4K 356 8
                                    

zawgyi

"ဦး ကျွန်​​တော့်​ကိုဘယ်​​ခေါ်သွား​နေတာလဲ?"

"​​ရောက်​​တော့သိမှာ​ပေါ့"

ဦးက​တော့ကား​မောင်းရင်းဖြင့်​ပြုံး​နေသည်​။
ခဏ​နေ​တော့ ကား​လေးကိုလမ်း​ဘေးသ့ိုထိုးရပ်​လိုက်​သည်​။
နှစ်​​ယောက်​လုံး ကား​ပေါ်ကဆင်းလိုက်​ကာလမ်း​လျှောက်​ကြသည်​။

သူတို့​ရောက်​လာတာက​တော့ ပန်းခြံတစ်​ခုပင်​ဖြစ်​သည်​။
ဒါ​ပေမဲ့ လူ​တွေ​တော့သိပ်​မရှိကြ။

"ဦး ဒါဘယ်​​နေရာလဲဟင်​?လူ​တွေလည်းမရှိကြဘူး"

အ​ရောင်​အ​သွေးစုံလင်​တဲ့ပန်းများရယ်​၊ချစ်​စရာ​ကောင်းတဲ့ ငှက်​​လေး​တွေရယ်​၊ကြာပန်း​တွေနဲ့ကန်​​ရေပြင်​ကြီးရယ်​ သိပ်​လှပ​နေသည်​။

"မရှိဆို ကိုယ်​ဒီ​နေရာကို တစ်​​နေ့လုံးစာ​ပေးပြီး အပြတ်​ငှါးထားတာ"

"ဘယ်​လို"

ဇင်​​ရော်​ အံ့သြကာ ထင်​​ပေါ့်အား​မော့ကြည့်​သည်​။

"လာ ​ရောက်​​တော့မယ်​"

ထိုသို့ဖြင့်​ ဆက်​​လျှောက်​ကြ​လေရာ ​ရှေ့နားတွင်​ ထိုင်​ခုံ​တွေကိုအလှဆင်​​နေတဲ့ လူတစ်​စုအား​တွေ့ရသည်​။

"​ဟာ bossတို့​ရောက်​လာကြပြီလား?"

ထိုထဲမှလူတစ်​​ယောက်​က သူတို့အနား​ပြေးလာသည်​။
ဇင်​​ရော်​က​တော့ သူ​ရှေ့မှ လှပ​စွာပြင်​ဆင်​ထား​သော​နေရာအားကြည့်​ရှု​နေသည်​။အ​ရောင်​စုံပန်းများဖြင့်​ပတ်​ပတ်​လည်​ ကာရံထားပြီး ၀င်​​ပေါက်​တွင်​ အသဲပုံသဏ္ဌာန်​ ပူ​ဖောင်းများဖြင့်
ပြင်​ဆင်​ထားသည်​။အဖြူ​ရောင်​ပိတ်​စ​တွေစွတ်​ထားတဲ့ထိုင်​ခုံများလည်းရှိသည်​။သို့​သော်​သိပ်​မများလှ။တစ်​ဖက်​ကို
၅ခုံ​လောက်​သာရှိသည်​။ပြီး​နောက်​ ​ရှေ့ဆုံးတွင်​ စတိတ်​စင်​​သေး​သေး​လေးတစ်​ခုရှိသည်​။လမ်းတစ်​​လျှောက်​ဖဲကြိုးအပြာများသွယ်​တန်းလျက်​။

"အပြင်​အဆင်​သ​ဘောကျရဲ့လား boss"

ထင်​​ပေါ်က ​ခေါင်းဆတ်​ဆတ်​ငြိမ့်​ကာ ဇင်​​ရော့်​ဘက်​လှည့်​ကြည့်​သည်​။

Healing me(completed)Where stories live. Discover now