Ep-3(Zawgyi+Uni)

8.6K 612 7
                                    

zawgyi

ဆေးရုံတစ်​ခုတွင်​ ....

"​ဒေါ်​လေးငြိမ်း ​မေ​မေ့ကို​သေချာဂရုစိုက်​​ပေးပါဗျာ ​သေချာအပ်​ပါတယ်​"

"ရပါတယ်​သားရယ်​ ​ပြောရမဲ့သူ​တွေမှမဟုတ်​ဘဲ"

မေ​မေ့ကို​စောင့်​​ရှောက်​ဖို့ ရပ်​ကွပ်​ထဲမှာ အ၀တ်​​လိုက်ေ​လျှာ်​တဲ့ ​ဒေါ်​လေးငြိမ်းကိုငှါးလိုက်​သည်​။သူစိမ်း​တွေကိုလည်းမငှါးချင်​​သော​ကြောင့်​ ​မိသားစုလိုရင်းနှီးတဲ့​ဒေါ်​လေးငြိမ်းကိုသာ ငှါးလိုက်​သည်​။

"​ဒေါ်​လေး ပိုက်​ဆံလိုတဲ့အချိန်​​ပြော​နော်​"

"မလို​သေးပါဘူးကွယ်​"

ဒေါ်​လေးငြိမ်းကိုမှီခိုတဲ့မိသားစုကလည်း ရှိ​သေး​တော့ ​မေ​မေ့ကို​စောင့်​​ရှောက်​တဲ့အတွက်​ အဖိုးအခကိုများများ​ပေးမှရမယ်​။

"ဒါနဲ့သားက​ကျောင်းမသွားဘူးလား?"

ကုတင်​​ပေါ်မှာအိပ်​​ပျော်​​နေတဲ့​မေ​မေ့ကိုတစ်​ချက်​ပြန်​ကြည့်​လိုက်​ပြီး
ဒေါ်​လေးငြိမ်းအားကြည့်​ကာ...

"သားခွင့်​တိုင်​ထားတာ ​ဒေါ်​လေး ​မေ​မေ့အ​ခြေ​နေ​ကောင်းလာမှ
ပြန်​တက်​မယ်​"

"​အေးပါကွယ်​ ​​တော်​ကြာစာ​တွေလည်း လိုက်​မမှီဘဲ​နေဦးမယ်
သား​မေ​မေအတွက်​စိတ်​ချ​နော်​ ​ဒေါ်​လေးတစ်​​ယောက်​လုံးရှိတယ်​"

"ဟုတ်​ကဲ့​ဒေါ်​လေး"

"ဇင်​​ရော်​​ရေ..ဇင်​​ရော်​ ငါတို့လာတယ်​!"

လက်​ထဲတွင်​မုန့်​ဘူးအပြည့်​အစုံဖြင့်​ အခန်းထဲဝင်​လာတဲ့ သျှား။
ကျောပိုးလွယ်​အိတ်​နဲ့ဆို​တော့​ကျောင်းကပြန်​လာသည်​ထင်​တယ်​။
ဆုမြတ်​ကလည်း လွယ်​အိတ်​​လေးချကာ ​လူနာ​ထိုင်​ခုံ​ပေါ်ဝင်​ထိုင်​သည်​။

"​ကျောင်းကပြန်​လာ​တုန်း marketမှာအန်​တီ့အတွက်​အာဟာရပြည့်​​လောက်​မဲ့အစားအစာ​တွေဝင်​၀ယ်​ခဲ့တယ်​.."

"​အေးပါကွာ ​ကျေးဇူးဘဲ"

"​အေး မင်း​နေ့လည်​စာစားပြီးပြီလား?"

Healing me(completed)Where stories live. Discover now