Ep-20(Zawgyi+Uni)

6.1K 411 14
                                    

zawgyi

"ဇင်​​ရော်​​..သူငယ်​ချင်း​လေး!!"

"ဖြစ်​မှဖြစ်​ရ​လေကွာ!"

"​ဟျောင့်​​တွေ!ငါမ​သေ​သေးဘူး!အဲ့​လောက်​ကြီးဖြစ်​ပြမ​နေနဲ့!"

ခေါင်းမြီးခြုံအိပ်​​နေစဉ်​ ရုတ်​တရက်​ဘေးနား​ရောက်​လာကာ ​အော်​ငို
နေတဲ့ သူငယ်​ချင်းများ​ကြောင့်​ ဇင်​​ရော်​ ငုတ်​တုပ်​ထထိုင်​မိသွားသည်​။

"ဟင်​?မင်းဘာမှမဖြစ်​ဘူး​နော်"

"ဘာမှမဖြစ်​လို့မင်းတို့ကိုစကား​ပြန်​​ပြော​နေတာ​ပေါ့ကွ.."

"မသိဘူး​လေ ငါတို့လည်း စိတ်​ပူပြီး​ရောက်​လာကြတာ..အန်​တီက
လည်းမင်းသတိရ​ကြောင်းမှဖုန်းမဆက်​တာ"

"ငါမဆက်​ခိုင်းတာ..မင်းတို့လာမယ်​ဆိုလို့"

"ဟူး..​တော်​ပါ​သေးရဲ့ ​ပြောပါဦး အခုဘယ်​လို​နေ​သေးလဲ?"

"​ကောင်းသွားပါပြီ စိတ်​မပူကြနဲ့"

ထိုအခါ ဆုမြတ်​က

"ငါတို့ကမပူပါဘူး နင့်​ရဲ့sugar daddyကြီးသာ ပျာပျာသလဲ​တွေ ဖြစ်​​နေခဲ့တာ "

"နင်​တို့်​​နော်​..​ပေါက်​ကရ​တွေ ​လျှောက်​ပြီး​ပြောမ​နေကြနဲ့..ပြီး​တော့
အ​မေ့ကိုဘာ​တွေသွား​ပြောထား​သေးလဲ?!"

"ဒါလား?အဟီး..နည်းနည်း​လေးပါ..."

"​နင်​တို့​ပြောချင်​ရင်​လည်း ​သေ​သေချာချာ​ပြောပါလား?အခုဟာက
အ​မေက ဦးထင်​​ပေါ်နဲ့ငါနဲ့ကိုသားအဖလိုဆက်​ဆံ​ရေးထင်​​နေတာ"

"ဘာလဲ?နင်​က အဲ့စုန်​ထဲကမထွက်​နိုင်​မှာစိုးလို့လား?"

"ဘာ!"

"ဟုတ်​တယ်​..ဆုမြတ်​..ဒီ​ကောင်​ ဦးထင်​​ပေါ်ကို​ကြွေ​နေပြီထင်​တယ်​"

"မင်းတို့ မ​တော်​ကြ​သေးဘူးလား?!"

ဇင်​​ရော်​က မလုံမလဲဇွတ်​​ဟောက်​လိုက်​​တော့ အသံတိတ်​သွားကြ
လေသည်​။ဒါ​တောင်​ တိုးတိုး တိုးတိုးဖြင့်​​ပြော​နေကြတုန်း။

"ဒါနဲ့..ဦးထင်​​ပေါ်​ရော?"

"သူ ခုနကမှ အပြင်​ထွက်​သွားတယ်​ "

Healing me(completed)Where stories live. Discover now