8

2.9K 459 20
                                    

[Unicode]

သူ့ရဲ့ အရှေ့က ထိုလူက လှည့်​လာပြီး သူ​လာတာကို စောင့်​နေ​ခဲ့တယ်။

ရှန်ဖုန်းယွဲ့ က ထိုလူဆီကို ပြေးသွားခဲ့ပြီး အကွာအဝေး နီးကပ်လာသည်နှင့်အမျှ ထိုလူရဲ့ အသွင်အပြင်ကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရတယ်။ သူက ချင်းယွမ် ပဲ။

ချင်းယွမ် က အံ့အားသင့်သွားခဲ့တယ်။ ရှန်ဖုန်းယွဲ့ က အန္တရာယ်ရှိတဲ့ တစ်စုံတစ်ရာကို ကြုံလာခဲ့ရသလိုမျိုး အထိတ်တလန့်နဲ့ ဘာလို့များ ညကြီးမင်းကြီးမှာ ချွေးတွေသံတွေ တရွှဲရွှဲနဲ့ ထူးထူးဆန်းဆန်း ပြေးနေတာလဲဆိုတာကို သူ အရမ်းကို နားမလည်နိုင် ဖြစ်နေခဲ့တယ်။

"ဘာဖြစ်လို့လဲ?" သူ က မေးလိုက်တယ်။

ရှန်ဖုန်းယွဲ့ က ရပ်လိုက်ပြီး ချင်းယွမ် ကို အခုအချိန်မှာ သူ့အမေးကို မဖြေနိုင်သေးဘူးဆိုတဲ့သဘောနဲ့ လက်ကိုဝှေ့ယမ်းပြလိုက်ပြီး အဲဒီ အမူအရာနောက်မှာတော့ ချောင်းဆိုးသံတွေ ဆက်တိုက်ထွက်ပေါ်လာခဲ့တယ်။

"အဟွတ် အဟွတ် အဟွတ်" System ရဲ့ အကူအညီက ကောင်းမွန်‌ပေမယ့်လည်း အဲဒါက သူ့ခန္ဓာကိုယ်ရဲ့ ကန့်သတ်ချက်တွေကိုတော့ ချိုးဖျက်နေဆဲဖြစ်တယ်။ လက်ရှိ အစားထိုးစွမ်းရည် ပျောက်ကွယ်သွားတဲ့ အခါမှာတော့ သူက ရုတ်တရက် ရပ်သွားပြီး သူ့ခန္ဓာကိုယ်ကို မူလက ခံစားချက်တွေက ပြန်လည်လွှမ်းမိုးသွားခဲ့တယ်။

“အဟွတ် ၊ ငါ့ကို ခဏလောက် မင်းပေါ် မှီခွင့်ပေးပါဦး” ချောင်းဆိုးနေရင်း ရှန်ဖုန်းယွဲ့ က ချင်းယွမ် ဆီကို မှီလိုက်ပြီး ကြိုးစားပြီး အသက်ကို ဖြေးဖြေးချင်းရှူနေခဲ့တယ်။

နောက်ဆုံး စိတ်တွေငြိမ်သွားပြီး မတ်မတ် ရပ်နိုင်‌အောင်အထိ ခွန်အားတွေရှိလာဖို့ကို သူ အချိန်အတော်ကြာ ယူလိုက်ရတယ်။ သူက ချင်းယွမ် ကို ကျေးဇူးတင်ဖို့အတွက် သူ့ ပုခုံးကို ပုတ်ပေးလိုက်တယ်။

"ဘာဖြစ်လို့လဲ အစ်ကို ရန်? " ချင်းယွမ် က သူ့ကို အထိတ်တလန့်နဲ့ ကြည့်လာခဲ့တယ် ။

ရှန်ဖုန်းယွဲ့ က ချွေးသုတ်ဖို့အတွက် သူ့အိတ်ကပ်ထဲက တစ်ရှူးကို ထုတ်လိုက်ပြီး သူ့ရဲ့ ချောမောတဲ့မျက်နှာက ဖြူဖျော့နေခဲ့ကာ အနည်းငယ် ဖရိုဖရဲနဲ့ ပင်ပန်းနေပုံ ပေါ်နေခဲ့တယ်။ သူ က သက်ပြင်းချလိုက်ပြီး မှောင်မိုက်‌နေတဲ့ လမ်းကြားထဲကို ပြန်ကြည့်လိုက်ရင်း ပြောလိုက်တယ် "ငါ့နောက်ကို တစ်ယောက်ယောက် လိုက်နေတယ်"

ဗီလိန်ကြီးက ငါ့ကို ငမ်းငမ်းတက် လိုချင်နေတာ ကြာပြီတဲ့Where stories live. Discover now