ch1 တစ်စုံတစ်ယောက်စိတ်ဆိုးနေသည်..

5.1K 87 6
                                    

စစ် လက်တော့ပ်သုံးနေရင်း ခြေသံကြားလိုက်ရသဖြင့်ကြည့်လိုက်တော့အိပ်ချင်မူးတူးဖြင့်မျက်လုံးကိုဖိပွတ်ကာရေခဲသေတ္တာဆီဦးတည်နေသောငယ်ရယ်ပါ။
သူအမြန်ထကာ ယိုင်တိုင်တိုင်ဖြင့်လမ်းလျှောက်သွားနေသော ငယ့်ဆီအမြန်သွားလိုက်ရသည်
လက်ကိုလည်းငယ်ခေါင်းတိုက်နိုင်မည့်တိုင်သို့အလျင်အမြန်ကပ်လိုက်ရသည်..သူသာအနည်းငယ်နောက်ကျလျှင်ငယ်က တိုင်စောင်းနဲ့မိတ်ဆက်ရတော့မည်မဟုတ်ပါလော။ထိုအခါမှသတိဝင်လာဟန်တူသောငယ်က သူ့အားအံ့သြစွာကြည့်လာတော့သည်

"ဟင်.. မောင်ကမအိပ်သေးဘူးလား "

အိမ့် ရေသောက်ချင်၍ထလာရာ တစ်ခုခုနဲ့တိုက်မိသဖြင့်မော့ကြည့်လိုက်တော့မောင်ဖြစ်နေသည် အိမ့်ရေဆာဆာနဲ့ထလာမိတာ အိပ်ခန်းထဲမောင်ရှိမရှိပင်သတိမထားမိ။ ဒီမောင်ကတော့နော် နာရီဝက်နေရင်လိုက်လာခဲ့မယ်ဆိုပြီးအလုပ်ဆက်လုပ်နေတော့တာလား အိမ့်ဘယ်အချိန်ရှိပြီလဲသိချင်၍ မောင့်လက်ကိုယူပြီး ကြည့်လိုက်တော့2:23 pm အိမ့် 12:17ကမှအသေအချာကိုတစ်နာရီမတ်တင်းတာနဲ့တန်းလာရမယ်နော်လို့ပြောခဲ့တာပါ အိမ့်မောင့်ကို ပေစောင်းစောင်းကြည့်လိုက်တော့ မောင်က အပြစ်လုပ်ထားတဲ့သူနှယ်...အိမ့်ကိုပြုံးပြသည်

"အင်း သဘက်ခါကျမောင်နားမှာဆိုတော့ ကိုကြီးတစ်ယောက်တည်း ပိနေမှာစိုးလို့ ကြိုလုပ်လို့ရတာလေးတွေလုပ်ပေးနေလို့ "

"ကိုကိုကောအိပ်သွားပြီလား"

ကိုကိုဆိုတာ သူနဲ့ငယ့်ရဲ့သားလေး ဒဏ္ဍာ့သခင် ကို
ရည်ညွှန်းခြင်းဖြစ်သည်။ ကိုကို့ကို သူအပါအဝင် ငယ်တို့အကုန်လုံးက ကိုကိုလို့ပဲနှုတ်ကျိုးနေကြသည် အကြောင်းမှာ ကိုသြရဲ့သမီးငယ် မီးမီးက ကိုကိုလို့ခေါ်သောကြောင့်ပင်။ကိုကိုကလည်း သူ့ကိုယ်သူ သားသားဆိုတာထက် ကိုကိုကဟုသာသုံးတတ်သည် မီးမီးနဲ့ကိုကိုက တစ်နှစ်တိတိကွာကာ ​မွေးနေ့လည်းတစ်ရက်တည်းဖြစ်ပြီး အဖော်ဖြစ်နေကြတော့တော်တော်ရင်းနှီးကြသည် လူမှန်းသိတတ်စအရွယ်ကတည်းက တစ်ယောက်ဘေးတစ်ယောက်ရှိနေခဲ့ကြလို့ထင်သည်

"အင်းစောနကမှကောက်ပြီးအိပ်သွားပြီ"
" တစ်နာရီထိုးတော့ကွာ မောင် အဲယားကွန်းလျှော့ပေးဖို့ သူ့အခန်းထဲသွားတော့ဆရာသမားက တစ်ခစ်ခစ်ရယ်ပြီးကာတွန်းကားကြည့်နေလေတယ်လေ အဲ့တော့မောင်လည်း ဖုန်းထိုင်ကြည့်နေလို့ဆိုပြီးဆူလိုက်တာ ဆောင့်အောင့်ပြီးအိပ်သွားပြီ "

as long as you love meWhere stories live. Discover now