Ch3 ကိုကိုဒီမှာပဲစီးမှာ

2K 70 13
                                    

"ကိုကိုတစ်ယောက်သူ့ညီမကိုအူတိုချက်က ဒီပုံအတိုင်းဆိုမီးမီးကြီးလာရင်ယောကျာ်းရတော့မယ်မထင်ဖူး"

ကိုကိုဒီဟာပဲဝတ်လိုက်ရမလားဟုမေမေ့ကိုထွက်မေးဖို့အပြင် သူနဲ့မီးမီးအကြောင်းပြောနေသောမေမေတို့ကြောင့် မီးမီးကိုသူယူမယ့်အကြောင်းပြောလိုက်သည်
သူကတကယ်ယူမှာမလို့ ပြောသော်လည်းရယ်နေကြသောမေမေတို့ကြောင့် ရှက်ပြုံးပြုံးမိသည်မီးမီးကိုကြည့်မိတော့ဘာမှနားမလည်သေးသောသူလေးနှယ်...

---------------------------------

ပန့် ကားထဲတွင်စောင့်နေရသည်မှာတစ်နာရီတိတိရှိပြီဖြစ်သည်.. ဒီလောက်ကြာမှာကိုအိမ်ထဲဝင်ဖို့လာခေါ်ဖို့မလိုတဲ့အထိပန့်ကသူတို့အတွက်အရာမဝင်တာလား..
လွန်ခဲ့တဲ့နာရီဝက်လောက်ကတည်းကပူနေသောနေသည်ပန့်ကိုအငြိုးနဲ့ထိုးနေသလို...
ပန့်ကိုယ့်အဖြစ်ကိုပြန်တွေးမိသည်.. မီးမီးမရှိလာခင်အထိပန့်အချစ်ခံကလေးဖြစ်ခဲ့ပါသေးသည်
မီးမီးဗိုက်ကြီးကတည်းကပန့်ခနခနအဆူခံရသည်
မီးမီးမွေးလာတော့လည်းမာမီတို့ကပန့်ကိုပစ်ပယ်ထားကြသည်မီးမီးကြောင့်ပန့်အရုပ်တွေပျက်ရင်ညီမလေးကကလေးမို့လို့ပါသမီးရယ်သမီးကအကြီးပဲဟုပြောကာပန့်မကျေနပ်လို့မီးမီးအရုပ်တွေဖျက်မိရင် ဆူအောင့်ပြောတတ်သည် မီးမီးကြောင့်ပန့်နာသောအခါသမီးငယ်ကအလည်လေးပဲဟုပြောကာရယ်နေတတ်ကြပြီးပန့်မီးမီးကိုပြန်လုပ်မည့်အခါသမီးကအကြီးပဲဆိုသည့်စကားနှင့်သာကိုင်ပေါက်ခံရတော့သည်...

အခုလည်းအိမ်ထဲကကိုယ်စီထွက်လာကြပြီးမီးမီးကိုတယုတယချီထားတဲ့ဒယ်ဒီရယ်ပါ။ ပန့်အချီမခံခဲ့ရတာဘယ်လောက်ကြာပြီလည်း မီးမီးကိုပြောသည့် ဒယ်ဒီ့ကိုနမ်းဆိုသည့်အသံများကိုသာနားနဲ့မဆန့်အောင်ကြားခဲ့ရပြီးပန့်ကတော့သူမဒယ်ဒီနဲ့မာမီကိုနမ်းဖို့တောင်မရဲတော့တဲ့သူပါ။

"ဟယ် ပန်ပန့်ပါလာတာလား အိမ်ထဲတော့ခေါ်မလာဘူး မမနီးရယ်...နေပူလိုက်တာကလေးကို"

ကားပေါ်မှသူတို့ကိုလှမ်းငေးနေသောကလေးငယ်အားမြင်လိုက်မိသဖြင့်အိမ့်ပြောလိုက်မိသည်

as long as you love meWhere stories live. Discover now