ch5 မီးမီးသေရတော့မယ်ထင်တယ်ကိုကို

1.5K 87 13
                                    

ပန့်ဒီနေ့တက္ကသိုလ်စတတ်ရမည့်နေ့ဖြစ်ကာ အပျော်လွန်နေမိသည် ပန့်ကျောင်းကိုရောက်လျှင်ပထမဦးဆုံးသူငယ်ချင်းထားမည် ထိုသူငယ်ချင်းနဲ့စနောက်ပျော်ပါးပြီး စားအတူသွားအတူ အစစအရာရာအတူတူလုပ်မည် ကျောင်းပိတ်ရက်တွေလည်းအပြင်တွေလျှောက်သွားကြမည်..ဘယ်လောက်တောင်ပျော်ဖို့ကောင်းနေလိုက်သလဲနော် ။ ပန့်ခေါင်းဖြီးရင်ကိုယ့်အတွေးနဲ့ကိုယ်ပြုံးလိုက်မိတာဘယ်နှစ်ခါလည်းမသိ။
ပန့်ပတ်ဝန်းကျင်အသစ်မှာကောင်းကောင်းရှင်သန်နိုင်မည်လို့သာတွေးရင်းအပျော်တွေလွန်နေမိသည် ပန့်အလယ်တန်းကျောင်းကလိုကိစ္စမျိုးပန့်ထပ်မဖြစ်ချင်တော့ဒီနှစ်တွေမှာပန့်အများကြီးအထီးကျန်ပြီးပြီလေ.. အဆိုးတွေလာပြီးရင်အကောင်းတွေလာတတ်တယ်တဲ့ ပန့်အဆိုးတွေအများကြီးကိုရင်ဆိုင်ခဲ့ရတာမို့ပန့်ကြုံခဲ့ရတဲ့ဆိုးခြင်းတွေနဲ့ထပ်တူညီတဲ့ကံကောင်းချင်းတွေပြန်လည်ရောက်ရှိနိုင်လာမည်မျှော်လင့်မိပါရဲ့...

"မီးမီး ကျောင်းမှာလိမ်လိမ်မာမာနေရမယ်နော်
အိင်္ကျီတွေပေတူးနေအောင်တအားမဆော့ရဘူး
ထမင်းကိုကုန်အောင်စားကြားလား ပိန်လှီနေတာကြာရင်လူကအရိုးတောင်ရှိမှာမဟုတ်တော့ဘူး"

ပန့်ကျောင်းသွားရန်ဆင်းလာသည်ဆိုလျှင်ပဲမာမီက
မီးမီးအိင်္ကျီကော်လံကို သပ်သပ်ရပ်ရပ်လုပ်ပေးကာ
ထုံးစံအတိုင်းမှာတမ်းခြွေနေသည်..
ပန့်ထိုမြင်ကွင်းကိုမမြင်ချင်ယောင်ဆောင်၍သာ
ကားဆီသို့ဦးတည်လိုက်သည်..

ယခုဆိုပန့်အိမ်မှာနေတတ်နေပါပြီ အရင်လိုကျောင်းသွားခါနီးတိုင်းလည်းထူးပြီးပန့်ပြင်လို့ပြီးပြီဟုမပြောဖြစ်တော့.. ပန့်ဆယ်တန်းကို ဂုဏ်ထူးငါးဘာသာပါခဲ့သည် ထိုတုန်းကပန့်ဒယ်ဒီတို့ဆီကမျှော်လင့်ခဲ့မိသည်မှာအကြင်နာအနမ်းလေးတစ်ပွင့်သို့မဟုတ်ငါ့သမီးလေးကတော်လိုက်တာဆိုသည့်ချီးမြှောက်ပေးမယ့်စကားလေးတစ်ခွန်း သို့သော်ပန့်ကိုဒယ်ဒီနဲ့မာမီကငါးဘာသာပါတာဘာလိုချင်လဲဟုသာမေးလာသည်

ချီးမြှောက်ခံရခြင်းလည်းမရဘဲ...ပန့်တော်လို့ဆိုပြီးလည်းဝိုင်းမချစ်ခဲ့ကြ။ ထိုအချိန်က ပန့်လိုချင်တာကိုဒယ်ဒီတို့ကပေးနိုင်မှာမို့လို့လားဟုသာ ဟားတိုက်မေးလိုက်ချင်သည်.. သို့သော်ပန့်ဘာမှမလိုချင်ပါဘူးဟုသာဖြေလိုက်သည် ကလေးဘဝကတည်းကပန့်တောင့်တမိတာမီးမီးမရှိခင်ကလိုဘဝမျိုး။ တစ်ခါတလေမီးမီး
ဆိုတာမရှိလာရင်ကောင်းမှာပဲဟုတွေးမိသည့်အထိပန့်မီးမီးကိုမုန်းမိလာသည်.. ဒယ်ဒီတို့မာမီတို့ဆီကအာရုံစိုက်မှု ဂရုစိုက်မှု အလေးထားမှု အရာအားလုံးသည်မီးမီးဆီ၌သာတည်ရှိကာသူမသည် သည်မိသားစုအတွက်လူပိုတစ်ယောက်သာသာမျှသာတည်ရှိနေတော့သည် ပန့်ဘာမှမလိုချင်ဘူးဟုပြောသော်လည်းဒယ်ဒီမှပန့်ကို နောက်ဆုံးပေါ်ကားတစ်စီးဝယ်ပေးကာ ကားမောင်းသင်တန်းသို့ပို့ပေးသည် ထိုအချိန်က
ငွေကြေး ဒါမှမဟုတ်လိုအပ်တာ ထောက်ပံ့ပေးနိုင်ရင်မိဘတာဝန်ကျေသွားပြီလို့ဒယ်ဒီတို့မာမီတို့ထင်နေတာလားဟုပင်ပန့်မေးပစ်ချင်လိုက်တော့သည်..

as long as you love meWhere stories live. Discover now