ch12 မျှော်လင့်ချက်တစ်စုံတစ်ရာ

2.5K 55 29
                                    

"မောင့် ထမင်းပွဲပြင်ပြီးပြီ "

"ဒါဆို ပန့်ပြန်တော့မယ်ဒယ်ဒီ "

"ဘယ်ပြန်မှာလဲ ပန်ပန့် ထမင်းခူးပြီးပြီ လာတော့။"

"ပန့်မစားတော့ဘူးမာမီ"

"မစားဘူးဆိုလည်း အစကတည်းကပြောလေ။ ထမင်းစားချိန်လာပြီးတော့ ခူးပြီးပြီ အလကားမလုပ်နဲ့ လာစားဆိုလာစား။"

".ဝင်စားလိုက်ပါသမီးရယ် "

"စားဆိုလည်းစားတာပေါ့"

ပန့် မာမီနဲ့စကားများချင်စိတ်မရှိ​ေနသဖြင့် ထမင်းဝင်စားဖို့သာစိတ်ကူးလိုက်တော့သည်။ ဒီထမင်းဝိုင်းကို.... မီးမီးမပါပေမယ့် မိသားစုထမင်းဝိုင်းပါလို့ပန့်ခေါင်းစဥ်တပ်လို့ရမလား။

Zzzzzz

"မှန်မှန်ပြော လူကြီး လူကြီးကို ခုလိုဖြစ်အောင်လုပ်တဲ့သူက
ဘယ်သူလဲ ရာ ဖေဖေ့ကိုပြောပြီး တရားစွဲခိုင်းမယ် "

"ငါကဘာမှမဖြစ်ဘူးလို့ပြောနေတယ်မလား စိတ်ရှုပ်လွန်းလို့မင်းပါးစပ်ကိုသာပိတ်ထားစမ်းပါ"

ရပ်ဝန်းညကသူ့ကိုထိုးကြိတ်သွားသောသူအကြောင်းတွေးနေမိတုန်း နားလာငြီးနေသောမြတ်နိုးရာကိုပိတ်အော်မိသည် လူကမှမီးအိမ်ကြောင့်ရူးချင်နေပါတယ်ဆို ​​မြတ်နိုးရာ ကယင်ကောင်လိုတဝှီဝှီလုပ်နေ၏။ ရပ်ဝန်းထင်တာမမှားလျှင် ထိုသူက မီးအိမ်ရဲ့ ကိုကိုဆိုသည့်သူဖြစ်ပေလိမ့်မည်။
ရုပ်ရှင်ရုံမှာစတွေ့ကတည်းကစိတ်ဝင်စားမိသော်လည်း ကောင်လေးနဲ့လာသည်ထင်၍ ရှောင်ပေးခဲ့ရသဖြင့် ရပ်ဝန်းမှတ်မိနေသည်။ သေချာသည် ညကသူ့ကိုဆော်သွားတဲ့ကောင်က အဲ့တုန်းက မီးအိမ်ကိုတိုက်မလိုဖြစ်တဲ့ကားကိုရိုက်ခွဲတဲ့ကောင်ပဲ ဟုတ်တယ် အဲ့ကောင်မှ အဲ့ကောင်အစစ်
ဒါဆိုမီးအိမ်နဲ့အဲ့ကောင်ရဲ့ဆက်ဆံရေးကဘာတွေလဲကွာ
ရည်းစားဟောင်းလား။ သူကိုကိုခေါ်ခိုင်းတုန်းက အကိုလို့ပဲခေါ်ခဲ့တာက အဲ့ကောင်နဲ့ပက်သက်နေမလား
ဘာလဲကွာ။မီးအိမ်ကိုမေးလျှင်လည်း တစ်ချိန်ကမီးအိမ်မေးခဲ့တဲ့ မြတ်နိုးရာနဲ့အကိုကဘာတွေလဲဆိုသည့်အမေးကိုသူမကိုလက်မလွှတ်နိုင်လို့ သူစည်းတားလိုက်သည့်အတိုင်းပင် မီးအိမ်က ပါဆင်နယ်တွေမပါကြေးလေဆိုပြီးသူ့ကိုခနဲ့ဦးမည်ဖြစ်သဖြင့် အဖြေမရနိုင်။ ဘရဏီမိုင်ဆိုရင်သိလေမလား။

as long as you love meWhere stories live. Discover now