ch11 မီးမီး မှားသွားပြီလား

1.1K 39 2
                                    

ခေါင်းထဲရီဝေနေခြင်းများနှင့်အတူ မီးမီးနိုးထလာတော့သည်
မျက်လုံးကအစိုးမရပဲ ဖွင့်လိုက်ပိတ်လိုက်ဖြစ်နေသည့်အတွက် ပြန်မှေးရန် စိတ်ကူးလိုက်သည် ထိုစဥ် ညက ရပ်ဝန်းနဲ့နမ်းထားခြင်းများကား ခေါင်းထဲအစီအရီဝင်လာလျက်။
"ကိုမရတော့ဘူး..."
"သွားရအောင်နော်.."သူမ၏နောက်ဆုံးမှတ်ဥာဏ်မှာထိုမျှထိသာရှိသည်.. ရုတ်တရက်အတွေးဆိုးတစ်ခုက ခေါင်ထဲဝင်လာကာ ခြုံထားသောစောင်ကိုလှန်ကြည့်လိုက်မိတော့
ခေါင်းထဲငိုက်ခနဲ ဖြစ်သွားပြီးမယုံနိုင်ခြင်းများနဲ့ ငိုချလိုက်မိတော့သည်... သူမ... ညကဝတ်ထားတာ ဒီပုံစံမဟုတ်ဘူး
ဒီအခန်းကမိုင့်အခန်းမဟုတ်သလို သူမအခန်းလည်းမဟုတ်ဘူး သူမနဲ့မရင်းနှီးတဲ့ပတ်ဝန်းကျင်တစ်ခု.. ညကနဲ့မတူတဲ့အဝတ်အစားတွေ.....ဒါဆို ရပ်ဝန်းနဲ့သူမ.....အဆုံးထိတွေးမိတော့ ရပ်တန့်မရတော့ဘဲ မျက်ဝန်းမှမျက်ရည်များသည် ဆည်ကျိုးသလိုကျိုးလာတော့သည်..

ပိုင်ရှင်ရှိတဲ့သူကိုသူမတကယ်ပက်သက်လိုက်မိပြီလား

မြသင်းရည် မီးအိမ်ရှင်နိုးပြီလားတတ်အကြည့် မရွှေချောက သည်းကြီးမည်းကြီးငိုချင်းချနေသောကြောင့် ဘာလုပ်ရမှန်းမသိဖြစ်သွားသည်.... တကယ်တော့ မြသင်းရည်တို့ဆောင်းတို့နဲ့
မီးအိမ်ရှင်မပေါင်းဖြစ်တော့တာကြာနေပြီဖြစ်သည် ဘရဏီမိုင်နဲ့ မီးအိမ်ရှင်က ကလပ်တွေတတ်ကာအဖွဲ့ကွဲထွက်သွားခြင်း ဆောင်း။ပိုးသားနဲ့ မြသင်းရည်က ရည်မှန်းချက်ရှိသေးပေမယ့် မီးအိမ်ရှင်မှာ ဘရဏီမိုင်နဲ့တွဲကာအတော်ပျက်စီးနေပြီဖြစ်သည် အပေါင်းသင်းတွေထဲလည်းနာမည်ပျက်နေပြီးအခုဆို နေ့ရပ်ဝန်းသစ်နဲ့ပက်သက်ပြီးမှ သူ့မီးအိမ်ရှင်ဆို
သိတဲ့သူတော်တော်များများဝေးဝေးက ရှောင်လာကြသည်

"ဟဲ့ဘာဖြစ်​ေနတာတုန်း အလန့်တကြား"

"နင့်အိမ်မှာလား အဟင့်အဟင့် တော်သေးတာပေါ့"

ပြောပြောနဲ့ထပ်ကာငိုချင်းချလာသောကြောင့် မြသင်းရည်
ကြောင်အသွားရတော့သည်ညက ဒဏ္ဍာ့သခင်သည် ရုတ်တရက်သူမတို့အိမ်ရှေ့ရောက်လာပြီး ဒီညတော့စောင့်ရှောက်ပေးဦးဟုပြောကာထားခဲ့သဖြင့် ခရက်အမိန့်နဲ့ဒီငမူးသမားကိုတညလုံးပြုစုထားရသည် သူလိုက်ပို့တာမီးအိမ်ရှင်ကိုမပြောနဲ့ဟုလည်း မှာခဲ့သေးသည်

as long as you love meWhere stories live. Discover now