စောက်ရူးပဲဒဏ္ဍာ့သခင်

301 13 1
                                    

ဖေဖေတိုက်တဲ့ဆေးသောက်ပြီးသည်နှင့် ဒဏ္ဍာ့ အပေါ်ထပ်တက်ပြီး ​မှေးလိုက်သည်
ဘယ်လောက်ကြာသွားသည်မသိ နိုးလာတော့မျက်နှာဝင်သစ်လိုက်သည်

ညကဘယ်လိုအရူးထပြီးအသည်းအသန်ငိုမိလည်းမသိ မှန်ကိုကြည့်မိတော့ မျက်လုံးများပင်ဖောင်းအစ်နေသည်

lစောက်ရူးပဲဒဏ္ဍာ့သခင်... မိန်းမတစ်ယောက်ကြောင့်အဲ့လောက်ထိဖြစ်ရအောင်မင်းကစောက်ရူးလားးl

ဒဏ္ဍာ့အလိုမကျခြင်းများစွာနဲ့ ခန်းဆီးလိုက်ကာကိုဆွဲဖွင့်လိုက်တော့
ခြံထဲသို့ ကောင်လေးတစ်ယောက် ကုတ်ချောင်းချောင်းနေသည်အားတွေ့လိုက်ရသည်
သူ့ဘေးတွင်တော့ မိန်းမကြီးတစ်ယောက်က မတ်တပ်ရပ်နေလျက်။

ရင်းနှီးနေသည့်ပုံစံကြောင့် အာရုံစိုက်ကြည့်မိတော့ ကြီးထားပါ ​
ဒဏ္ဍာ့လည်း တံခါးသွားဖွင့်ပေးဖို့ သော့ယူပြီး အောက်ဆင်းလိုက်သည်

" ကြီးကြီးထား ရောက်နေတာကို ဘာလို့ ကျွန်တော်တို့ကို မခေါ်လိုက်လဲ"

" သခင်လေးကရှိနေတာလား.... မရှိဘူးထင်နေတာ သင်တန်းသွားနေကြဆိုတော့ အိမ့်လေးတစ်ယောက်တည်းရှိနေရင် အိပ်နေတတ်လို့ အိပ်ရေးပျက်မှာစိုးလို့ အိမ်တံခါးဖွင့်မယ့်အချိန်စောင့်နေတာပါ"

"ဒုက္ခခံလို့ဗျာ မငယ်တော့ပဲနဲ့ သူကဘယ်သူကြီးလဲ ကြီးကြီးအသိလား....."

"ကြီးကြီး မြေးလေးပါကွယ်  အဆောင်ရှာပေး မလို့ ခေါ်လာတာပါ"

"သြော်...."

ဒဏ္ဍာ့ တံခါးဖွင့်ပေးလိုက်တော့ ဟိုကောင်လေးက မဝင်ပဲရပ်နေသည်

"မဝင်ဘူးလား"

" မဝင်တော့ဘူး "

ယောကျ်ားလေးလို့ထင်ပေမယ့် မိန်းကလေးအသံထွက်လာတာကြောင့် ဒဏ္ဍာ့တစ်ချက်ကြောင်သွားပေမယ့် နားလည်သွားသဖြင့် ခေါင်းပဲငြိမ့်ပြလိုက်သည်

" သခင်လေး နေကောင်းရဲ့လား ဘာစားပြီးပြီလဲ"

"ကျွန်တော်ဆေးသောက်ပြီးပါပြီ"

"ဘာစားချင်လဲ ကြီးကြီးလုပ်ပေးမယ်လေ"

" နေပါစေ ကြီးကြီး အခုမှပြန်ရောက်တာပဲ နားနားနေနေ နေပါ"

as long as you love meWhere stories live. Discover now