ကိုကိုရက်စက်တယ်

410 19 6
                                    

"ငိုနေတာလား"

ဇွန် သူမအနားတွင်လာရပ်ကာမေးသော သခင်ဆိုသောသူကြောင့် လန့်ကာ စိတ်ပျက်သွားရသည်

" ခင်ဗျားကဘာလာလုပ်တာလဲ"

"တစ်ယောက်တည်းထက် အဖော်နဲ့ငိုရတာပိုကောင်းတယ်"

ဒဏ္ဍာ့ ဒီကလေးမကို ပြောဖို့အရေးသူကိုယ်တိုင် မိုးရေထဲ တစ်ဆို့ကာမျက်ရည်ကျနေမိသည် ဘယ်လောက်ပဲ ဖေဖေတို့ရှေ့အဆင်ပြေသလိုနေပြနိုင်ပါစေ ဘာမှမခံစားပဲ တကယ်မနေနိုင်တော့တာခက်သည်  မုန်းလို့ပါမုန်းလို့ ခံပြင်းလွန်းလို့ ကျမိတဲ့မျက်ရည်တွေပါ ချစ်တဲ့စိတ်မရှိတော့ပါဘူး

"ဘာလဲ ခင်ဗျားရော ငိုနေတာလား"

ဇွန် ထမင်းစားတုန်းလေသံ နဲ့ခြားနားလွန်းစွာပြောနေသော သခင့်ကြောင့် ကြောင်အစွာ
မော့ကြာ့်မိတော့မျက်ရည်တွေကြောင့် ပိုကြောင်သွားမိသည် ဒီလူ အခုရယ်အခုငိုလုပ်နေတာလား

" အများကြီးနာကျင်ရတယ်မလား လူတွေရှေ့ဟန်ဆောင်ပြုံးပြဖို့တောင်ခက်ခဲရတယ်မလား ရပ်တည်နိုင်ဖို့တောင်မှခက်ခဲရတယ်မလား ဖြစ်တည်မှုကိုတောင်မုန်းလာတယ်မလား"

ဒဏ္ဍာ့ သူခံစားရတာနဲ့ထပ်တူထိုကလေးမကိုပြောမိသည် အဖြစ်အပျက်ချင်းမတူပေမယ့် သူမလည်းကိုယ့်လိုပဲ ခံစားနေရလောက်သည်ထိုသည့်အတွေးနဲ့ပါ။

ကြီးထားနဲ့မေမေပြောနေတာပြန်ကြားရသလောက် သူ့အမနဲ့မင်္ဂလာဆောင်တဲ့ကောင် လူမဆန်စွာ ညီမ​ဖြစ်သူ ကိုပါကြံကြောင်း ။ အမကိုလည်းမပြောရဲခဲ့တာကြောင့် ညတိုင်းခြောက်ခြားစွာအိပ်ရကြောင်း ။ နောက်ဆုံး ဟိုကောင် Rape ဖို့လက်တစ်ကမ်းအလိုမှာ ကြီးထားတစ်ရေးနိုးနဲ့ကြုံလို့ လူမိသွားကြောင်း ။ လူမိသွားတာတောင် ထိုကလေးမကမြှူဆွယ်တာပါလို့ မအေဠိုးကပြောခဲ့သေးကြောင်း။ အမဖြစ်သူကလည်းနင်ရွလို့လို့ ပြောလို့ ဆံပင်တွေဖြတ်ပြီးယောကျ်ားလေးလိုနေတာဖြစ်သွားကြောင်း
စိတ်မချနိုင်လို့ခေါ်လာခဲ့တာဖြစ်ကြောင်း အများကြီးပင်။

သူ့အရေးနဲ့ယှဥ်လျှင် ကိုယ်ခံစားနေရတာတွေတောင်ဒီလောက်နဲ့ဒီလိုဖြစ်တယ်ဆိုပြီးသိမ်ငယ်လာရသည်

as long as you love meWhere stories live. Discover now