"ဂျီမင်း !"လှိုက်ခနဲ ဝမ်းသာရိပ်တွေ ဖြတ်ပြေးသွားသည့်
ဂျီမင်း၏ မျက်ဝန်းအစုံ..သို့သော် .. အပြုံးတွေကို မမြင်ရသေး။
"ဂျီမင်း
မဆိုးဘူး "အေးစက်နေတဲ့ အခြေအနေတစ်ခုကို ထိန်းဖို့ရန်
ထွက်လာတဲ့ စကားအချို့ကလည်း
အဆီအငေါ်မတည့် ~ ကြောင်တိကြောင်တောင်နိုင်စွာ။ပြုံးသယောင်ယောင်ဖြစ်သွားတဲ့ ဂျီမင်း နှုတ်ခမ်းတွေ..
"ထယ် ~ဂျီမင်းကို စိတ်မဆိုးဘူးလို့"
ထိုအခါမှ ဂျီမင်းသည် အားရပါးရပြုံးကာ...
"တကယ်နော် !ထယ်ယောင်း,
တကယ် စိတ်မဆိုးတာသေချာတယ်နော်""ငါက မင်းစိတ်ဆိုးပြီး ပြန်မခေါ်တော့ဘူးထင်တာ"
ဂျီမင်းသည် သရုပ်ဆောင်လုပ်ဖို့ကောင်းပါ၏။
တက်ကြွပြုံးရွှင်စွာပြောနေရင်း တဖြည်းဖြည်း တိုးလျသွားတဲ့ အသံနှင့် အဆုံးတွင် ညှိုးငယ်သွားသော မျက်နှာ။ထယ်ယောင်း ဂျီမင်းအား နှစ်သိမ့်သည့် အနေဖြင့်
မျက်နှာလေးအား ဆွဲယူကာ"ထယ့်အတွက်တော့ ဂျီမင်းက တကယ်ကို
တန်ဖိုးမဖြတ်နိုင်တဲ့ ဖြစ်တည်မှုလေး""အဲ့ဒါတော့ ယုံထားပေးနော်"
အဲဒီထက် ပိုပြီး သူမပြောတတ်တော့။
ကျေးဇူးပြုပြီး ဂျီမင်း သူ့ရင်ထဲကို လှမ်းမြင်တတ်ပါစေ။.........................Browny Cloudy........................
"ပွဲကစနေပြီ။ မင်းကို ပင့်နေရတာနဲ့.."
ပွစိပွစိပြောကာ လွတ်နေသည့် ထိုင်ခုံနေရာဆီသို့
သွားနေသည့် ဂျီမင်း။ထို့နောက် ရုတ်တရက် မျက်ဝန်းတွေ အရောင်လက်ကာ အပြုံးတွေ တောက်ပသွားသည်။
"ဟိုဆော့"
ဟူသော နာမတစ်ခုအား အော်ခေါ်ကာ
ဂျီမင်းတစ်ယောက် လက်တွေ ဝှေ့ယမ်းပြရာ နေရာကို ကြည့်လိုက်တော့ မျက်နှာသွယ်သွယ်နဲ့ပိန်ပိန်ပါးပါး ကောင်လေးတစ်ယောက်။
"ဂျီမင်း! လာ၊ ငါ နေရာ ဦး ထားတယ်"
![](https://img.wattpad.com/cover/187823209-288-k971273.jpg)
YOU ARE READING
တိမ်စိုင်တွေညိုလာရင် (Browny Cloudy)
Fanfictionမွန်းကြပ် ပိတ်လှောင်တဲ့ ရှင်သန်မှုကြားက တိမ်စိုင်လို ကောင်လေးရယ် လွတ်လပ် ပေါ့ပါးလွန်းတဲ့ မိုးစက်လို ကောင်လေးရယ် ထိုကောင်လေး နှစ်ယောက်သည် လှပတဲ့ ကောင်းကင်ကြီး တစ်ခုကို ဖန်တီးနိုင်ပါ့မလား ဆိုတာကိုတော့.........