제 4 화 အစပျိုးခြင်း

528 90 10
                                    


««««««««»»»»»»»

2009. 3. 1
6:59AM

"ထယ်ယောင်း!"

ဟင်!!!!
သူ ငေါက်ခနဲ အိပ်ရာမှ ထထိုင်လိုက်သည်။
တံခါးရှေ့က အသံဟု ထင်သည်။
မေမေ့ အသံလည်း မဟုတ်???????
ဘယ်သူ့အသံကြီးလဲ?????

"ကျောင်းသွားမယ်တဲ့ မင်းရဲ့ မေမေ နှိုးခိုင်းလိုက်လို့"

အော် .......မနေ့ ထိုကောင်လေး။
ရုတ်တရက်မို့ သူတို့အိမ်တွင်
အိမ်သား အသစ်တစ်ယောက် တိုးလာသော
အဖြစ်ကို မေ့သွားခဲ့ခြင်း...
ထို့အတူ ဒီနေ့ ကျောင်းစသွားရမည့် အဖြစ်ကိုလည်း
မေ့သွားမိခြင်း.........

တစ်ဆက်တည်းမှာပင်~~~
မနေ့ညက ညစာစားရင်း ဖေဖေ ပြောသော အကြောင်းအရာများက ခေါင်းထဲတွင် ပုံရိပ်များနှင့်အတူ
အစီအရီ ပေါ်လာလေသည်။

«««««««»»»»»»»

2009.2.31
6:00PM

အပ်ကျသံပင်လျှင် ကျယ်လောင်စွာ ကြားနိုင်လောက်သည့် ငြိမ်သက်နေသော တိတ်ဆိတ်မှုကို
စတင် ဖြိုခွဲလိုက်သူကတော့ ........ဖေဖေ

"ထယ်ယောင်း"

"ဗျာ ဖေဖေ"

"မင်းရဲ့ အမေ ပြောပြီးလောက်ပြီထင်တယ်"
"ဒါ ငါ့သူငယ်ချင်းရဲ့သား၊
မင်းနဲ့ အတူ ကျောင်းတက်လိမ့်မယ်"

ဒီလောက်ကတော့ မေမေပြောပြထား၍
သူသိပြီးပြီဖြစ်သည်။

ဖေဖေ့ဆီက စကားလုံး တစ်ချို့ ထပ် ထွက်လာ မလားဆိုပြီး စောင့်ဆိုင်းနေခိုက်၊
ကော်ဖီခွက်အား ကောက်ကိုင်လိုက်သော ဖေဖေ။

ဟင်!! ဒါပဲလား???

မိတ်ဆက်ခြင်းသည် မိတ်ဆက်ခြင်း မမည်သာခဲ့။
သူ ကြောင်တောင်တောင်ဖြင့် မေမေ့ကို လှမ်းကြည့်လိုက်
တော့ ၊ မေမေသည် ဖေဖေ့အား ငေးကာ ကြည့်နေခဲ့သည်။

ဖေဖေ့ရဲ့ ဂနာမငြိမ်သော မျက်လုံးတွေသည်
မေမေ့အတွက် စိမ်းသက်နေခဲ့ဟန် တူသည်။

ထို့နောက် ဖေဖေ့ထံမှ အကြည့်လွှဲကာ သူ့ဘက်ကို မျက်နှာမူလာတော့ မေမေနှင့်သူ အကြည့်ချင်း ဆုံသွားသည်။
ထုံးစံအတိုင်း မေမေ့ရဲ့ နွမ်းလျလျ အပြုံးက သူ့အား တိတ်ဆိတ်သွားစေသည်။

တိမ်စိုင်တွေညိုလာရင် (Browny Cloudy)Where stories live. Discover now