Unicode
........................Browny Cloudy....................
လူတစ်ယောက်ကို ရင်နာနာနဲ့ လွမ်းဖူးလား
ဒါဆို ဒီလူကို နောက်ထပ်မရှိနိုင်တော့တဲ့ အချစ်မျိုးနဲ့
မင်း ချစ်နေပါပြီစိတ်နာရင်းနဲ့ပေါ့~~~~
...........................Browny Cloudy........................
ထမင်းစားချိန်ရောက်ပြီမို့၊
ဖေဖေ့ထက် အရင် ဦးအောင် ရောက်နှင့်မှဖြစ်မည်ဟူသော အသိကြောင့် လှေကားမှ ခပ်မြန်မြန် ဆင်းလာလိုက်သည်။
လှေကားထစ်တွေ ကုန်ပြီအထင်နဲ့၊
ကြမ်းပြင်ပေါ် အားရပါးရ ခြေအချ ...ဟာခနဲ ဖြစ်သွားတဲ့ ခံစားချက်နဲ့အတူ
သွားပြီ ဟူသော အသိက တစ်ပြိုင်နက်။အသားနာမှာ ကြောက်သူပီပီ နဖူးနဲ့ ကြမ်းပြင် မိတ်ဆက်မည့် အရေးကို ကြောက်လန့်တကြီး မျက်လုံးမှိတ်ကာ နာကျင်ဖို့ ပြင်ဆင်ထားခိုက်~
"အင့်"
"ဟော ဖြစ်ပြီ တွေ့လား၊
ဘယ်တော့မဆို လျှပ်ပြာလျှပ်ပြာနဲ့။"ဟင် !!
ကြားလိုက်ရတဲ့ ရင်းနှီးလွန်းတယ်လို့ ထင်ရတဲ့ အသံနဲ့အတူ
ကမန်းကတန်း မျက်လုံးကို ဖွင့်ကြည့်လိုက်တော့..
ပခုံးပေါ်က တင်းကြပ်တဲ့ အထိအတွေ့နဲ့ အတူ
သူ့ရှေ့မှာ ကျယ်ပြန့်ပြန့် ရင်ခွင်တစ်စုံ။ပြီးတော့..
ဒီ အနံ့ ဟုတ်တယ် ဒီအနံ့
သူ ဘယ်တော့မှ မမေ့နိုင်တဲ့ အနံ့တစ်ခု
ဘုရားရေ မဟုတ်မှ လွဲရော?ထိတ်လန့်တဲ့ ခံစားချက်တစ်ခုနဲ့ အတူ
ဖြည်းဖြည်းချင်း ခေါင်းကို မော့ကြည့်လိုက်တော့၊
တွေ့လိုက်ရတဲ့ နှုတ်ခမ်းပါးလေး တစ်ခုကြောင့်
သေချာသွားတယ်။သူက ဘာလို့ ပြန်လာတာလဲ???????
"ဒက်ဒီ တွေ့လား၊
ထယ်ယောင်းက ဘယ်တော့မဆို စိတ်ချရတယ်ကို မရှိဘူး၊အမြဲတမ်း အရာရာနဲ့ အကြောင်းကြောင်းကြီးပဲ။"ထိုသို့ တိုင်တောသံကို ကြားလိုက်ရမှ ဆတ်ခနဲ ခန္ဓာကိုယ်ကို ပြန်မတ်လိုက်တော့ အရပ်အမြင့် သိပ်မကွာလှသည့် သူနှင့် ကိုယ်က တစ်ယောက်နှင့်တစ်ယောက် အလွန် နီးကပ်လွန်းသည့် မျက်နှာချင်းဆိုင် အနေအထား။
YOU ARE READING
တိမ်စိုင်တွေညိုလာရင် (Browny Cloudy)
Fanfictionမွန်းကြပ် ပိတ်လှောင်တဲ့ ရှင်သန်မှုကြားက တိမ်စိုင်လို ကောင်လေးရယ် လွတ်လပ် ပေါ့ပါးလွန်းတဲ့ မိုးစက်လို ကောင်လေးရယ် ထိုကောင်လေး နှစ်ယောက်သည် လှပတဲ့ ကောင်းကင်ကြီး တစ်ခုကို ဖန်တီးနိုင်ပါ့မလား ဆိုတာကိုတော့.........