Unicode
..........................Browny Cloudy...........................
သူ့ စကားအဆုံး ဂျုံးဂုရဲ့ မျက်နှာမှာ အံ့သြတဲ့ အရိပ်အယောင်တစ်ခုက ဖျတ်ခနဲ ။
အင်း တကယ့်ကို ခဏလေး။တကယ်ဆို သေချာရဲ့လားတော့ မသိဘူး။
ထပ်ပြောရရင် သေချာ မသိတာ မဟုတ်ဘူး။
ဂျုံးဂုရဲ့ စိတ်ကို လုံးလုံးကို မဖတ်တတ်ခဲ့တာ။
ဂျုံးဂုကပဲ ဟန်ဆောင်ကောင်းလွန်းတာလား။
သူကပဲ လူကဲခတ် ညံ့တာလား မသိတော့ပါ။ပြောစရာစကား မရှိတော့ပြီမို့၊ အခန်းတံခါး ဖွင့်ဝင်ပြီး
အခန်းထဲ လူရောက်သည်နှင့် လော့ခ်ကို ပိတ်ချပစ်လိုက်တော့သည်။ငါ့ကို ဒီလိုတွေထိ ဖြစ်အောင် မင်းလုပ်ခဲ့ပြီးမှ၊
မျက်နှာပြောင်တိုက်ပြီး စကားလက်ဆုံကျချင်သေးတယ်ဆိုတော့ မင်း မလွန်ဘူးလား ဂျုံးဂု။ဟင့်အင်း၊ မှိုင်းသွားတဲ့ မင်းမျက်လုံးတွေကြောင့် စိတ်မကောင်းဖြစ်နေမိတဲ့ ငါကိုက လွန်နေတာ။
..........................Browny Cloudy...........................
"ထယ်ယောင်း"
အေးစက်စက် ဖေဖေ့ အသံ»»
"ဗျာ ဖေဖေ"
"ဒီမှာ ဂျုံးဂုက အခုမှ ရောက်တာဆိုတော့၊ လိုအပ်တဲ့ အသုံးအဆောင် ပစ္စည်းတွေ ဝယ်ချင်လို့တဲ့၊ လိုက်ကူပေးလိုက်"
ဟင်! ဒီ အသက်အရွယ် ရောက်နေပြီ ကိုယ့်ဘာသာကိုယ် မသွားတတ်ဘူးလား??
ဒါများ USမှာ ကျောင်း သုံးနှစ် တက်ခဲ့တဲ့သူတဲ့။သို့ပေတည့် ဖေဖေ့ ပြောစကားဆို သူ ငြင်းလို့ ရဖူးသည့်
အချိန်မှာ ရွှေလို ရှားသည်။
တခြားအရာတွေသာ ငြင်းလို့ရချင်ရမယ်၊ ဂျုံးဂုနဲ့ ပတ်သက်လာရင် သေအံ့ဆဲဆဲ အခြေအနေမျိုးမှာပင်လျှင်
ငြင်းခွင့်ကား မရှိ။ခေါင်းကို ညိတ်ရုံတင်လေး ညိတ်ပြမိတော့..........
"တွေ့လား ရုပ်ကိုက မထုံတက်တေးနဲ့၊
ပြန်မပြော နားမထောင်ရုပ်"ဟောဗျာ~~လောကကြီးက ဆန်းကြယ်တယ်နော်။
မဟုတ်ဘူး ထယ်ယောင်းရဲ့ ဖေဖေကိုက ထူးဆန်းတာ။
![](https://img.wattpad.com/cover/187823209-288-k971273.jpg)
YOU ARE READING
တိမ်စိုင်တွေညိုလာရင် (Browny Cloudy)
Fanfictionမွန်းကြပ် ပိတ်လှောင်တဲ့ ရှင်သန်မှုကြားက တိမ်စိုင်လို ကောင်လေးရယ် လွတ်လပ် ပေါ့ပါးလွန်းတဲ့ မိုးစက်လို ကောင်လေးရယ် ထိုကောင်လေး နှစ်ယောက်သည် လှပတဲ့ ကောင်းကင်ကြီး တစ်ခုကို ဖန်တီးနိုင်ပါ့မလား ဆိုတာကိုတော့.........