Unicode"ထယ်ယောင်း"
စာအုပ်တွေကို သိမ်းရင်း ခေါ်သံကြောင့် သူ ဘေးကို
ငဲ့ကြည့်လိုက်တော့.........."အရင်ပြန်နှင့်"
အပြုံးအရယ်မဲ့စွာ အမိန့်ဆန်ဆန် ပြောလာသည့်
ဂျုံးဂုရဲ့ စကားသံအား စိတ်ဆိုးဖို့ စိတ်မကူးမိ။ထို့အတူ ဖော်ရွေလွန်းသည့် နှုတ်ခမ်းတစ်စုံက
လွှတ်ခနဲ.."ဟင်!အတူတူ ပြန်မယ်လေ ဂျုံးဂု၊
ထယ်တို့ အတူတူ လာတာပဲကို""ငါ လုပ်စရာ ရှိသေးလို့"
ပြောပြောဆိုဆို ထွက်သွားလေသော ဂျုံးဂု၏
ကျောပြင်အား ထယ်ယောင်း ကြောင်အစွာ
ရပ်ကြည့်နေမိသည်။ဘာတွေ အရေးကြီးနေတာပါလိမ့်??
.
.
.
.
.
.
.
အဲဒီ အချိန်ကတည်းက
တစ်စုံတစ်ယောက်ရဲ့ နောက်ကျောကို အဓိပ္ပါယ်မဲ့စွာ
ငေးကြည့်တတ်ခဲ့တယ် ထင်ပါရဲ့...............................................Browny Cloudy.......................
"ပြန်ရောက်ပါပြီ"
"မေမေ့! "
ဟင်!ဘယ်သူမှ မရှိဘူးလား????
မေမေ ဒီအချိန် ဘယ်မှ မသွားတတ်ပါဘူး........."မေမေရေ၊ ထယ် ပြန်ရောက်ပြီ"
ထယ်ယောင်း နှုတ်မှ အော်နေရင်းက အောက်ထပ်
တစ်ထပ်လုံး ပတ်ရှာနေမိသည်။ဒုန်း!!!!!!!!!!!!
ဟင်!!!
ဒါ ဖေဖေ့ စာကြည့်ခန်းထဲက အသံ။ဘာဖြစ်လို့လဲ.....????
ပူထူသွားသော စိတ်အစဉ်နှင့်အတူ
သိချင်စိတ်ကြောင့် လှေကားပေါ်သို့ ပြေးတက်ကာ
စာကြည့်ခန်းထဲသို့ သွားရန် စိတ်ကူးလိုက်သည်။သို့သော် လှေကားထစ် အဆုံးသို့ မရောက်ခင်......
"ဒါတွေ အကုန်လုံး မင်းလုပ်ခဲ့တာ ဒါဟယ်၊
နည်းနည်းလေးတောင်မှ နောင်တမရဘူးလားဟင်?"
YOU ARE READING
တိမ်စိုင်တွေညိုလာရင် (Browny Cloudy)
Fanfictionမွန်းကြပ် ပိတ်လှောင်တဲ့ ရှင်သန်မှုကြားက တိမ်စိုင်လို ကောင်လေးရယ် လွတ်လပ် ပေါ့ပါးလွန်းတဲ့ မိုးစက်လို ကောင်လေးရယ် ထိုကောင်လေး နှစ်ယောက်သည် လှပတဲ့ ကောင်းကင်ကြီး တစ်ခုကို ဖန်တီးနိုင်ပါ့မလား ဆိုတာကိုတော့.........