제 3 화 ပဏာမ တိမ်စိုင်

479 84 16
                                    

Unicode

Browny Cloudy

တံခါးကို နွမ်းလျစွာ မှီရင်း မျက်ရည်တွေကို အတားအဆီးမရှိ စီးဆင်းခွင့်ပေးလိုက်သည်။

စီးဆင်းပါ~~
နာကျင်မှုတွေကို တိုက်စားသွားပါလေ.....

တိုက်စားပါ~~
နှလုံးသားကို သန့်စင်ပေးပါ.....

.........................Browny Cloudy...........................

ဒေါက် ဒေါက်!!!

သူမကြားချင်ယောင်ဆောင်ထားမိသည်။
ဖေဖေတော့မဖြစ်နိုင်ချေ။
ညင်သာမှုအပြည့် တံခါးခေါက်သံသည်
သူ့ဘဝရဲ့ မျှော်လင့်ချက်များ
ပျက်သုဉ်းသွားပြီဟု
ခံစားရကာ တံခါးပိတ် ငိုခဲ့ရသော နေ့ကနှင့် မခြား။

ဂျုံးဂု~~~~~~
ကျေးဇူးပြုပြီး
ငါ့ကို နူးညံ့မှုတွေနဲ့ ထပ် မနှိပ်စက်ပါနဲ့........
ငါ မင်းပေးတဲ့ နာကျင်မှုတွေနဲ့တင်
သေလောက်အောင် ခံစားခဲ့ရပြီးပြီမို့.......

"ထယ်ယောင်း"

ရှိုက်ဖို့ မေ့သည်အထိ မျက်ရည်တွေက ပိုလို့သာ တိုး၍ ကျလာသည်။
တွေ့လား ဂျုံးဂု~~
မင်းရဲ့ ခေါ်သံလေး တစ်ခုကတောင်
ငါ့ရဲ့ ခန္ဓာအပေါ် သက်ရောက်မှုအားက
အဲဒီလောက်ထိ ကြီးမားတာ.............

"မင်း ငိုလို့ ဝပြီဆိုရင်၊ ငါနဲ့ စကားပြောဖို့ အားမွေးထားပေးပါ"

နူးညံ့မှုလည်း မမည်သာ၊ အမိန့်ဆန်သည်ဟုလည်း
မဆိုသာနိုင်၊ တောင်းဆိုမှု ဟူ၍သော်လည်းကောင်း၊
အမည်မတပ်နိုင်သည့် စကားတစ်ခွန်း။

ဘာရယ်??????
ငါက မင်းနဲ့ စကားပြောဖို့တောင် အားမရှိတဲ့
ပျော့ညံ့တဲ့သူ တစ်ယောက်လို့ မြင်နေတာလား?

ဖေဖေရော မင်းရော
ငါက ပျော့ညံ့လွန်းအားကြီးတယ်လို့ သတ်မှတ်ထားကြတာလား~~~~~~????

ထယ်ယောင်း ရှိုက်နေရင်းက..................

«««မေမေ»»»
သတိရတယ် မေမေ
မေမေ မရှိနိုင်တဲ့ အချိန် ရှိလာခဲ့မယ်ဆိုတာ
ထယ် ကြိုသိခဲ့ရင် မေမေ့အပေါ် ထယ် မဆိုးခဲ့ဘူး။
ထယ် မေ့အပေါ် အရမ်းဆိုးခဲ့လို့ အခု ပြန်ပြီး
ဒဏ်ခတ်ခံနေရတာလားဟင်???
ထယ် တကယ် ပင်ပန်းနေပြီ........
မေမေ ထယ့်ကို လာမခေါ်ချင်ဘူးလားဟင်...?

တိမ်စိုင်တွေညိုလာရင် (Browny Cloudy)Waar verhalen tot leven komen. Ontdek het nu