제 7화 တိမ်စိုင်အရောင်ပြောင်းခြင်း

356 32 10
                                    

Unicode

"ထယ်ထယ်လေး ငါ တကယ်တောင်းပန်ပါတယ်နော်၊
တကယ် တကယ်"

သူဘာမှ ပြောချင်စိတ်မရှိနေတာမို့
ရှေ့ကိုပဲ တည့်တည့်ကြည့်ကာ လမ်းကိုသာ
ဆက်လျှောက်နေလိုက်သည်။

သက်ပြင်းတစ်ချက်ချကာ ခြေလှမ်းတွေကို
ရပ်တန့်ပစ်လိုက်တဲ့ ဂျီမင်း။

သူလိုက်မရပ်မိ ။

"ထယ်ယောင်း"

မတိုးလွန်း မကျယ်လွန်းသည့် ဂျီမင်းအသံက
သူ့ ခြေလှမ်းတို့အား နှေးသွားစေသည်။

"တကယ်တော့လေ ~~
ငါ မင်းကို ဘယ်လိုပြောရမလဲ မသိလို့ပါ"

သိသိသာသာ ညှိုးငယ်နေတဲ့ ဂျီမင်းရဲ့ အသံ......
ဒါပေမယ့် သူ့ခြေလှမ်းတွေကိုတော့ မရပ်မိသေး။
စိတ်ဆိုးသင့်တာလား မဆိုးသင့်တာလားလည်း
သူ ဝေခွဲမရ။

ဆက်ပြောလာသည့် ဂျီမင်းရဲ့ စကားတစ်ခွန်းသည် ထယ်ယောင်းရဲ့ ခြေလှမ်းအစုံကို တုံ့ခနဲ ရပ်တန့်သွားစေခဲ့သည်။

"ထယ်ယောင်း~ လူတစ်ယောက်ကို ချစ်တဲ့ စိတ်ဖြစ်မိရင် အပြစ်ဖြစ်တတ်လား?"

သိသိသာသာ တိမ်ဝင်သွားတဲ့ ဂျီမင်းရဲ့ အသံ~~

အယောင်ယောင်အမှားမှားဖြင့်
သူလှည့်ကြည့်လိုက်မိတော့...

မျက်ရည်တွေနှင့် ဂျီမင်း....
ဘယ်အရာကများ ဂျီမင်းကို
ဒီလောက် ခံစားသွားစေရတာပါလဲ?

"ဒိုဂျွန်းကို ငါ အားပေးချင်တဲ့အနေနဲ့......

စကားသံတွေကို ဂျီမင်းရဲ့ရှိုက်သံက လွှမ်းပစ်တယ်။
ရှိုက်သံကြားက စကားဆက်လာသော ဂျီမင်း။

"လူတစ်ယောက်ကို ချစ်မိတာ 
အပြစ်ကျူးလွန်တာ မဟုတ်ဘူးဆိုတာ~
လွတ်လပ်စွာ ချစ်ခွင့်ရှိတယ်ဆိုတာကို သိစေချင်တဲ့ အနေနဲ့...."

ဒီဖြစ်ရပ်နဲ့ ဂျီမင်းစကားတွေကို အစီအစဉ်တကျတွေးဖို့ သူ့ဦးနှောက်က လိုက်မမီ။

"ငါ တောင်းပန်ပါတယ် ထယ်ယောင်း
ငါ့ကို စိတ်မဆိုးပါနဲ့ "

စိတ်ဆိုးတာ မဟုတ်ဘူးဟု ပြောလိုက်ချင်သည်။
ငါမင်းကို စိတ်မဆိုးဘူးဟု ပြောကာ ဖက်ပြီး
နှစ်သိမ့်ပေးလိုက်ချင်ပါသော်လည်း ဘယ်အရာက တားမြစ်နေသလဲ သူမသိ။
သူ မလှုပ်မယှက် ရပ်နေမိဆဲ......

တိမ်စိုင်တွေညိုလာရင် (Browny Cloudy)Where stories live. Discover now