My King 💞 {part 3}

380 17 0
                                    

အဲ့လိုနဲ့ ရေချိုးခန်းထဲဝင်ပြီးရေချိုးတော့

တယ် ရေချိုးနေရင်း ပုံရိပ်တချို့ကို

မြင်ယောင်မိနေတယ် သူမြင်နေတဲ့ပုံရိပ်

ကတော့ သူခုနလေးကတင်မြင်ထားတဲ့

မင်းကြီးရဲ့အပြုံးလေးတွေပေါ့

"အား ဘာရီးလဲ ဘာတွေမြင်နေတာလဲ
ထွက်ထွက် မျက်လုံးထဲကနေထွက်"

မျက်လုံးကို လက်နဲ့ရိုက်နေလေရဲ့ ဖွဖွလေး

ရိုက်နေတာ သူဘာသာနာမှာစိုးလို့လေ

"ဟင်း ငါဦးနှောက်ကဘာတွေဖစ်နေတာလဲ
ပလတ်ပဲကျွတ်သွားတာများလား သုတအောင် သုတအောင် အဲ့တာယောကျာ်းလေးကြီးနော် ဘာတွေလျောက်စဉ်းစားနေတာလဲ😌"

သူရေမိုးချိုးပြီး အခန်းထဲကနေဆင်းလာခဲ့

တယ် ထင်တဲ့အတိုင်းပေါ့ စားဖို့သောက်ဖို့

ထမင်းစားဝိုင်းမှာတန်းထိုင်နေပြီလေ

"အမေရေ သားသားဆာပြီနော်"

ချစ်စရာကောင်းအောင်လုပ်ပြောနေတာပေါ့

"အေးအေး သား လာပီ ဒီမှာသားကြိုက်တဲ့
ပုဇွန်ဟင်းပါရှင်"

"ဟေး ၁၀ပန်းကန်လောက်စားပစ်မယ်😋"

"စားပါရှင်စားပါ ထမင်းလဲများများချက်ထားပါတယ်"

"ဟီး "

ထမင်း၃ပန်းကန်လောင်ကြိတ်လဲပီးရော

"အား ဗိုက်တင်းသွားပြီ"

သူ့အမေက သူ့သားကလေးဆန်နေတာကို

ကြည့်ပြီးပြုံးလိုက်တယ်

"သား စားကောင်းရဲ့လား"

"ဟုတ် အရမ်းကောင်း
မနက်ကျရင် ထမင်းကြမ်းပဲစားမှာနော်
ပုစွန်လေးနဲ့"

"ဟုတ်ပါပီ အမေပြန်နွှေးပေးထားမယ်နော်"

'ကလင် ကလင် ကလင်......'

"နင့်အဖေဆီကဖုန်းထင်တယ်"

သုတအပြေးလေးသွားပြီး ဖုန်းကိုင်လိုက်တယ်

"Hello "

"သား မင့်နဲ့လဲခုမှပြောရတော့တယ်ကွာ"

My King 💞Where stories live. Discover now