My King 💞 {part 26}

183 6 0
                                    

"ရှာစရာမလိုဘူးရှိတယ်"

"ရှိရင်အမြန် လက်ဆက်တော်မူပါ"

"အေးပါ သိပါတယ် ပြင်ဆင်စရာရှိတာပြင်ဆင်ပြီးရင် တန်းလက်ထပ်မယ်
ကြေနပ်ကြလား"

"ကြေနပ်ပါတယ်"

အမတ်တွေက တညီတညွတ်ထဲထောက်ခံကြ

တယ် ထိုစဉ် အမတ်တဦးက

"မင်းကြီး မိဖုရားနံမည်တော် မိန့်ပါအုံး"

"သုတအောင်တဲ့ "

ယောင်္ကျားလေး နံမည်ပေါက်တဲ့အတွက်

ကြောင့် အမတ်တွေအကုန်လုံး တီးတိုး

ပြောဆိုကုန်ကြပါတယ်

"သုတအောင်တဲ့ဟ ကြားဖူးကြလား"

"ဟေ့အေး ကျနော်တော့မသိဘူး
အဲ့တာက ယောကျာ်းလေးနာမည်လိုပဲနော်"

"မဟုတ်မှလွဲရော ယောင်္ကျားလေးများလား"

"အဲ့လိုဆိုမဖြစ်ဘူးလေ မျိုးဆက်ပြတ်ကုန်လိမ့်မယ်"

"ဟုတ်တယ် ဟုတ်တယ်
တို့ကမျိုးဆက်ချန်ထားစေချင်တာလေ"

ထိုစဉ် မင်းကြီးက စားပွဲကို စာလိပ်နှင့်

ရိုက်လိုက်ရာ ကျယ်လောင်တဲ့ အသံ

ထွက်လာခဲ့တယ်

~ဒုန်း...ဒုန်း...~

"တိတ်ကြစမ်း ဘာတွေဆူနေတာလဲ"

ပြောရဲဆိုရဲရှိတဲ့ မြို့ဝန်အမတ် တစ်ဦးက

"မင်းကြီး ကြင်ယာတော်ဟာ မိန်းကလေးတစ်ဦးလား ဒါမှမဟုတ် ယောင်္ကျားလေးတစ်ဦး
ဖြစ်နေတာလား"

မင်းကြီးအဖြေရ ကြပ်အောင် တည့်မေးချပါ

တော့တယ် ဒါပေမဲ့လဲ

"သူက ယောင်္ကျားလေးပဲဖြစ်တယ်
ပိန်ပါးတဲ့ကိုယ် သမင်မျက်လုံး လ မျက်ခုံး
ချောမောတဲ့ရုပ်ရည်ရှိတဲ့ ယောင်္ကျားလေး
တစ်ဦးပါ"

သုတဟာ ယောင်္ကျားလေးလို့ ပြောပြပြီးတဲ့

အခါမှာတော့ အမတ်တစ်စုရဲ့ အသံတွေက

ထွက်ပေါ်လာပြန်တယ်

"တွေ့လား ယောင်္ကျားလေးတဲ့ဟ"

My King 💞Where stories live. Discover now