My King 💞 {part 17}

286 10 0
                                    

ဆုနန်းပြန်လာပေမဲ့ သုတနဲ့မင်းကြီးတို့က

မနိုးသေးပါဘူး အတော်လေးနေမြင့်မှ

မင်းကြီးကနိုးလာခဲ့တယ် ဘေးမှာ ကလေး

တစ်ယောက်လို ချစ်ဖို့ကောင်းအောင်အိပ်

နေတဲ့ သုတကိုနမ်းလိုက်တယ်

မင်းကြီးရဲ့အနမ်းကြောင့် သုတနိုးသွားတယ်

"ကလေး နိုးပြီလား"

"အွမ်း"

မျက်လုံးလေး မဖွင့်တဖွင့်နဲ့ ပြန်ကြည့်ရင်း

ပြောတယ်

"ထတော့မလား"

"မောင်ကြီးထချင်ထ နဲနဲမှေးအုံးမယ်"

"ဟုတ်ပါပြီ မှေးမှေး မောင်ကြီးရေချိုးနှင့်တော့မယ်နော် ကလေးထချင်တဲ့အချိန်မှထ"

"ဟုတ်"

မင်းကြီးလဲ သုတပါးကို အနမ်းချွေပြီး

ကုတင်ပေါ်ကနေဆင်းလာခဲ့တယ်

အဝတ်အစားတွေဝတ်ပြီး ရေချိုးဆောင်ကို

သွားဖို့ထွက်လာခဲ့တယ်

"မင်းကြီး နိုးပြီလား"

ဆုနန်းကမေးလိုက်တယ်

"အေး"

"မယ်တော်ကြီးက မိဖုရားလောင်းဖို့ဆေးပေးလိုက်တယ် ဒီမှာ"

မင်းကြီးကို လက်ကမ်းပေးလိုက်တယ်

"ဘာဆေးကြီးလဲ...?"

"လိမ်းဆေးတဲ့ ပွန်းရာတွေပါ သက်သာတယ်တဲ့ မိဖုရားလိမ်းဖို့တဲ့"

"ဪ...ငါသိပြီ
နင်တို့ပြောလိုက်ကြတာမဟုတ်လား"

"မင်းကြီးပဲအထဲ ဘယ်သူမှမဝင်စေနဲ့ဆို
အဲ့တော့တားရတာပေါ့
တားတော့ ဘာကြောင့်မဝင်ရတာလဲလို့
မေးတော့တာပေါ့ မေးတော့ဖြေရတာပေါ့"

"အမလေး ဟုတ်ပါပြီ အဲ့တာကထား
ညကချောင်းကြည့်တဲ့ကိစ္စကကျတော့ရော"

မင်းကြီးက မျက်စောင်းထိုးပြီး မေးလိုက်တယ်

"ဟဲဟဲ အဲ့တာက ဝါသနာအရလေ အသံကြားတော့မနေနိုင်တော့လို့လေ ဟဲဟဲ"

"ဟွန်း...
ဟိုကုန်းကုန်းကရော ဘယ်ရောက်သွားတာ"

"အစောင့် သွားလဲတယ်"

My King 💞Tahanan ng mga kuwento. Tumuklas ngayon