My King 💞 {part 27}

169 8 0
                                    

"ဟာ ကလေးအော်သံပါလား..!"

မင်းကြီးကသုတဆီ အပြေးသွားတယ်

"ဖြည်းဖြည်းသွားပါမင်းကြီး နန်းတွင်းမှာပြေးလို့မရဘူးလေ မင်းကြီး စောင့်ပါအုံး ......."

ကုန်းကုန်းတို့လဲ မင်းကြီးကို အော်ပြောရင်း

မပြေးရုံတမယ် လမ်းလျှောက်ပြီး အမှီလိုက်

နေရတယ် မယ်တော်ကြီးအဆောင်ရောက်

တော့ သုတ ဆုနန်းနဲ့မယ်တော်ကြီးက

စားပွဲမှာ ထိုင်နေကြတယ် အပြေးရောက်လာ

တဲ့ မင်းကြီးကို ပြူးကြည့်နေကြတယ်

မယ်တော်ကြီးက လက်ထဲက

ကတ်တွေကိုချပြီး

"သားတော် အမောတကြီးနဲ့ပါလား ဘာဖြစ်လာတာလဲ...?"

"မောင်တော် ဘာဖြစ်လာတာလဲ...?"

တံခါးဘောင်ကို လက်ထောက်ပြီး အေးဆေး

ထိုင်နေတဲ့ သုတကိုပြူးကြည့်နေတယ်

သုတကမင်းကြီးဆီလာပြီး

"မောင်ကြီး ဘာတွေဖြစ်လာတာလဲ..?
လာလာ ဟိုခုံမှာထိုင်ပါအုံး
မမရေ ရေအေးတဲ့ဟာလေးတခွက်လောက်"

"ဟုတ် ရမယ်"

ဆုနန်းက ခုံကနေထပြီး ရေတခွက်သွားယူ

တယ် မင်းကြီးကခုံမှာဝင်ထိုင်ပြီး အမောဖြေ

နေတယ် ပြီးမှ

"ကလေးအော်သံကြားလို့ ပြေးလာတာ"

"ဘယ်က ကလေးအော်သံလဲ
သားတော်မြင်တဲ့အတိုင်းပဲ ဒီမှာ ဘာကလေးမှမရှိဘူး"

မယ်တော်ကြီးကပြန်ပြောတယ်

သုတက ဆုနန်းဆီကရေခွက်ကိုယူပြီး

"မောင်‌ကြီး ‌ရေလေးသောက်လိုက်ပါအုံး"

မင်းကြီးက သုတပေးတဲ့ရေလေးသောက်ပြီး

"ဟူး ခုမှပဲအမောပြေတော့တယ်"

"မောင်ကြီးနော် မယ်တော်ကြီးရှိတယ်"

"ဟုတ်တယ် ငါရှိသေးတယ်နော်..."

မယ်တော်ကြီးက ပြောလိုက်တယ်

My King 💞Where stories live. Discover now