My King 💞 {part 18}

302 8 0
                                    

"ဟာ အကိုတော်ကလဲ ဒါအချစ်ပဲလေ ကျနော်တို့မှာပြောပိုင်ခွင့်မရှိဘူးလေ"

မင်းကြီးရဲ့ အမေးကို မင်းသားက

မဆိုင်းမတွပဲ ပြန်ဖြေပေးလိုက်တယ်

"ဟာ ပျော်လိုက်တာ ဟိ"

သုတကပျော်သွားပြီး အသံထွက်လာတယ်

မင်းသားရဲ့မျက်ဝန်းက သုတဆီရောက်သွား

တယ် ကလေးတစ်ယောက်လို အပြုံးတွေ

ဝေဆာသွားတဲ့ သုတမျက်နှာကို ငေးကြည့်နေ

တယ် မင်းကြီးကလဲ

"တော်သေးတာပေါ့ကွာ အကိုတော်ကတမျိုးတွေမြင်နေမှာစိုးလို့"

မင်းသားလဲ မင်းကြီးကိုကြည့်ပြီး

"အကိုတော်ဆုံးဖြတ်သမျှအမှန်တွေပါ ကြင်ယာတော်ရွေးတဲ့နေရာမှာလဲ တော်ပါတယ်ဗျာ"

"အေးပါ ငါ့ညီရာ မင်းလိုညီ‌တော်တစ်ပါးရထားတာ ငါကံကောင်းတာပဲကွာ"

မင်းကြီးက ပုခုံးလေးကို ပုတ်ပြောတယ်

သူမသိတာကတော့ မင်းသားက သူ့အပေါ်

ကောင်းပြနေသမျှက ဟန်ဆောင်နေတာကို

ပေါ့

"ဒါနဲ့ မောင်ကြီး သူကဘယ်သူလဲ...?
မောင်ကြီးက တဦးတည်းသောသားတော်မဟုတ်လား...?"

သုတကမေးလိုက်တယ်

"ဟုတ်တယ် ဒါက ကိုယ့်ခမည်းတော်ရဲ့ ညီတော်ရဲ့ သား ကိုယ့်ရဲ့ တဝမ်းကွမ်းညီတော်လေ"

"ဪ..."

"သူ့နာမည်က စစ်နိုင်လင်း ကလေးက မင်းသားကိုခေါ်ရင်ရတယ် ကိုယ့်ထက်၃နှစ်ငယ်တယ် ကလေးနဲ့ရွယ်တူလောက်ပါပဲ"

"ဟုတ်"

"ညီတော် ဒါက ကိုယ့်မိဖုရားလောင်းလေ
သုတအောင်"

မင်းကြီးက နှစ်ယောက်လုံးကိုမိတ်ဆက်ပေး

လိုက်တယ် မင်းသားရဲ့အကြံအစဉ်တွေကို

မသိပဲနဲ့ပေါ့

"ဟုတ် ကျနော်က ဟိုဘက်က ရွက်နုလွှာဆောင်မှာနေတယ် ပျင်းရင်လာလည်လှည့်ပေါ့"

"အင်း"

သုတကပြန်ဖြေတာကို မင်းသားကကြောင်

My King 💞Where stories live. Discover now