My King 💞 {part 33}

97 2 0
                                    

မိန်းမလှပြည်က ညီလာခံဝင်တဲ့အချိန်မှာ

ဘုရင်မက ပုလ္လင်ပေါ်ထိုင်နေပြီး မင်းသားတို့

က‌ ဘေးကဧည့်ခုံမှာ ထိုက်ကြရတယ်

ဘုရင်မက မျက်နှာကို ပဝါစအပါးနဲ့အုပ်ထား

လို့ ဘယ်လိုပုံစံရှိသလဲဆိုတာ သေချာမမြင်ရ

ဘူး ခန္တာကိုယ်အချိုးအစားကတော့

ပြေပြစ်ပြီး ကောက်ကြောင်းလှတာမို့ မျက်နှာ

ကိုပဝါအုပ်ထားပေမယ့်လဲ အလွန်ကြည့်

ကောင်းနေတယ်

"မင်းသားရောက်နေတာကိုသိပြီးသားပါ
ဘယ်လိုလဲ ကျွန်မတို့ပြည်ကိုအထင်သေး
စိတ်ရှိနေသေးသလား"

ဘုရင်မက မေးလိုက်တယ်

"အရင်ကတည်းက အထင်မသေးပါဘူး ဘုရင်မရဲ့နိုင်ငံတော်က အမျိုးသမီးတွေ
အင်အားကြီးတာကို လက်တွေ့မြင်လိုက်ရတော့ ပိုပြီး အထင်ကြီးမိပါတယ်"

မင်းသားက ကြည့်ကောင်းအောင်

လျောက်လိုက်တယ်

"မသိပါဘူး မင်းသားကြည့်ရတာ ကျွန်မတို့
တိုင်းပြည်ကို အထင်မြင်သေးနေသလားလို့ပါ"

"မဟုတ်ရပါဘူး"

"ကဲပါ လာရင်းကိစ္စက ..?"

မင်းသားက ကိုယ်ရံတော်ကို စာလွှာကမ်းပေး

လိုက်တယ် စာချွန်လွှာကိုဘုရင်မရဲ့

ရံရွေတော်ကယူလိုက်ပြီး ဘုရင်မဆီဆက်သ

လိုက်တယ်

"ဘုရင်ကအကူအညီတောင်းလိုက်တာပါ
အောက်ချင်းပြည်က ပိုပိုဆိုးလာတာလဲ ဘုရင်မအသိပါ အခုကျနော်တို့ပြည်ကို တိုက်ခိုက်ဖို့ရွယ်နေပါပြီ ကျနော်တို့ပြည်
ပြီးရင် ဘုရင်မတိုင်းပြည်ကို တိုက်ခိုက်မှာပါ
အဲ့တာကြောင့်နှစ်ဦးနှစ်ဘက် အဆင်ပြေသွား
အောင်မဟာမိတ် ဖွဲ့ပြီး တိုက်ခိုက်ဖို့အတွက်
ကမ်းလှမ်းတာပါ စစ်ပွဲကုန်ကျစရိတ်တွေ ကျွန်တွေက စစ်ပွဲအပြီးမှာအညီအမျှခွဲဝေ‌ပေးမှာပါ စစ်ကြွေးလဲမတင်စေရပါဘူး"

မင်းသားပြောနေတဲ့အချိန် ဘုရင်မက စာချွန်

လွှာကိုဖတ်နေတယ်

My King 💞Where stories live. Discover now