My King 💞 {part 11}

426 6 0
                                    

"ပျော်လိုက်တာကွာ"

မင်းကြီးကလက်စွပ်လေးကို ပြန်ဝတ်

ပေးလိုက်တယ်

"ဒါကိုယ်တို့ရဲ့ချစ်သက်သေပဲ  ကိုယ်လပ်ထပ်ခွင့်တောင်းထားတဲ့လက်စွပ်ကို နေ့တိုင်းဝတ်ထားရမယ်နော်"

"ဝတ်ထားမှာပေါ့ လက်စွပ်ကတကယ်စွမ်းတယ်နော် ကလေးနေတဲ့အနာဂတ်ကနေဒီကိုရောက်လာတာဆိုတော့ ဒါနဲ့လေ ကလေးဒီကို ဘာကြောင့်ရောက်လာတာလဲဆိုတာသိချင်တယ် ကလေးဟိုကိုလဲပြန်ချင်သေးတယ်"

"ဟာ ကလေးကတော့လုပ်ပြီ ဘာလို့လဲ ကိုယ်နဲ့အတူနေမယ်ဆို"

မင်းကြီးကတအား ဝမ်းနည်းသွားတဲ့လေသံနဲ့

ပြန်ပြောတယ် သုတလဲ

"မဟုတ်ဘူးလေ မောင်ကြီးရဲ့ မောင်ကြီးကိုထားသွားမယ့်သဘောမျိုးနဲ့ပြောတာမဟုတ်ဘူးလေ"

"အာ့ဆို ဘာသဘောလဲ ဘာကြောင့်ပြန်ချင်တာလဲ ကိုယ့်ကိုမချစ်ဘူးလား"

"ချစ်တာပေါ့ ဘယ်လိုမေးလိုက်တာလဲကွာ
ကလေးက ဟိုမှာအမေနဲ့အဖေရှိသေးတယ်လေ ဒီကိုရုတ်တရက်ကြီးရောက်ချလာတော့
သူတို့စိတ်ပူနေကြရောပေါ့ အခုဆိုအမေကငိုယိုနေလောက်တယ်"

"ဪ ........အဲ့သဘောနဲ့ပြောတာလား"

"အင်းပေါ့လို့ ကလေးကမောင်ကြီးကိုထားသွားစရာလားလို့"

"အဲ့သွားလို့ရခဲ့ရင်ရော ကိုယ့်ဆီပြန်လာမှာလား....?"

"ပြန်လာမှာပေါ့"

"ကလေးသာကိုယ့်ကိုထားခဲ့ရင်
ကိုယ့်အပေါ် အချစ်တွေလျော့သွားခဲ့ရင်
ကိုယ်တကယ်ပဲသေသွားမလားမသိဘူး"

"ဟာ လျောက်မပြောရဘူးလေကွာ
ကလေးကလေ ကမ္ဘာကြီးနှစ်ခြမ်းကွဲရင်တောင် မောင်ကြီးရှိတဲ့ဘက်မရရအောင်ကိုလာနေလှည့်မှာ       အဲ့လောက်ချစ်တယ်ကွာ"

"တကယ်နော်"

"ဟုတ်ပူး သီချင်းစာသားတွေ"

"ဟာ"

"ဟီး စတာ တကယ်ပေါ့လို့
ဒီယောကျာ်းမှမချစ်လို့ဘယ်သူ့သွားချစ်ရမှာ"

"ဟင်...ဟင် ဘယ်လိုဘယ်လို...?"

"မောင်ကြီးကိုအရမ်းချစ်တယ်လို့ပြောတာလေ"

My King 💞Where stories live. Discover now