Part (1) Uni

64.3K 2.2K 40
                                    

မောင့် နွယ်သာကီ

အပိုင်း(၁)

" ‌အဖ ဦးစိန်ခန့် အမိ ဒေါ်ခက်သွယ်တို့၏သား တရားခံ မောင်ဒီလှိုင်းခက်ထန်သည် လူသတ်မှုနှင့် မူးယစ်ဆေးဝါးလက်ဝယ်တွေ့ရှိမှု အဆိုပါပြစ်မှုများကျူးလွန်ထားကြောင်း ထင်ရှားပါသဖြင့် ထောင်ဒဏ်(၁၁)နှစ် ကျခံစေ။ လျော့ရက်များအနေဖြင့် နှုတ်သော် ထောင်ဒဏ် (၆)နှစ် ကျခံစေ "

(A/N တိတိကျကျကြီးမဟုတ်ပါဘူး အလျဉ်းသင့်သလို ထည့်ထားတာဖြစ်ပါတယ်)

တရားသူကြီး၏ နှုတ်မှထွက်သော အမိန့်တို့သည့် သူ၏ (၁၈)ဆိုသော လူငယ်ဘဝ၏ အညွှန့်တလူလူတက်ရမည့်အရွယ်ကို ရိုက်ချိုးနေသယောင်။ အမိန့်ချခံရသည်နှင့် ထွက်ပေါ်လာသော ငိုယိုသံတွေက သူ့ကိုဒူးညွတ်သွားစေသည်။ အခတ်ခံထားရသည့် လက်ထိတ်က သူ့တက်လမ်းတွေကို ပိတ်ပင်ထားသည့် အရံအတားတစ်ခုသဖွယ်။ မျှော်လင့်ချက်ကြီးမားခဲ့သော သူ၏ ဘဝသည်လည်း ရေစုန်မျောခဲ့ရလေသည်။

နာကျည်းရသည်။ နာကျင်ရသည်။ နောက်ဆုံး အလုံးစုံကို လွှတ်ချပြစ်ဖို့ကြိုးစားခဲ့သော်လည်း သူ့ယောင်္ကျားမာနက လက်မခံခဲ့။

အနာဂတ်အတွက်ရေးဆွဲထားတဲ့ အစီအစဉ်တွေ။ အကြီးမားဆုံးသူ၏ အိမ်မက်တွေ။ သားကြီးတာဝန်ကို ကျေပွန်ပြီး ဖခင်ထံမှ ပခုံးလွှဲပြောင်းရမယ့်တာဝန်တွေ အလုံးစုံသည် လူသားတစ်ယောက်နှင့် ပတ်သက်မိရာကနေစ၍ ပျက်စီးကိန်းစိုက်ရသည်။

ဘယ်‌လိုပြောရမလဲ..သူတို့မိသားစု၊သူ့ဘဝထဲ စနေဂြိုလ်ဝင်စီးတာမျိုးလား..။

တရားရုံးတော်မှ တရားသူကြီးထွက်ခွာသွားသည်နှင့် သူ့လက်နှစ်ဖက်ကို လာဆွဲကာ အပြင်ခေါ်ထုတ်သွားတော့မည့် တာဝန်ကျရဲတွေကို သူဗလာသက်သက်မျက်လုံးတွေနှင့် ကြည့်လိုက်မိသည်။

ဒီလိုနဲ့ပဲ သူ့ဘဝ၊သူ့အနာဂတ်က ရေစုန်မျောရတော့မယ်ထင်ပ…။

" သားကြီးရယ် မေမေ့သားသူတော်ကောင်း အလိမ္မာတုံးလေးကျမှ ဒီအဖြစ်မျိုး ကြုံရတယ်လို့ကွယ် မေမေဖြင့်ရင်နာမဆုံးဘူး သားကြီးရယ်။ မေမေ့ကလေးလေးက ဘယ်လောက်လိမ္မာလိုက်သလဲလေ။ မေမေ့ကလေးလေး ဒီလိုမလုပ်ဘူးဆိုတာ မေမေယုံပါတယ် သားကြီးရယ် "

Mg'sNwel Thar Kii(Complete)Where stories live. Discover now