Part(14)Uni

16.5K 1.2K 29
                                    

မောင့် နွယ်သာကီ

အပိုင်း(၁၄)

‌အေးစိမ့်နေသည့် အခန်းငယ်အတွင်း၌ အအေးဓာတ်နှင့် တောက်လောင်နေသော မီးတောက်တို့၏ အရှိန်ဟာ ဒွန့်တွဲလျက်..။ ထိုမလိုက်ဖက်သော အရာနှစ်ခုကို တစ်ပြိုင်နက်ထုတ်လွှင့်နေသူကား ဒီလှိုင်းခက်ထန်ဆိုသည့် အမျိုးသားတစ်ဦးသာ..။

" တောက်ခ်..လာအို၊ထိုင်း ကြိုက်တဲ့နိုင်ငံကမ်းကပ်လို့ရတာကို -ီးဖြစ်လို့ မြန်မာမှာကပ်တာလား ‌ဒီငါ-ိုးမသားတွေကတော့ "

ပြင်သစ်က မှာယူထားသည့် လက်နက်တွေသည် တစ်လနှင့်လေးဆယ့်ငါးရက်အကြာမှာ ကမ်းကပ်လာတော့မည်။ ပြောရလျှင် မနက်ဖြန် ရန်ကုန်မှာကမ်းကပ်မည်..။

ကမ်းကပ်တာက ကိစ္စမရှိပေမယ့် ဒီအကြောင်းကို အစိုးရဘက်ကလူတွေအနံ့အလွယ်တကူရသွားကြောင်းပါ ထပ်လောင်းသိရ၍ ဒီလှိုင်းခက်ထန်ဟာ ခက်ခက်ထန်ထန် ဒေါသထွက်နေလေသည်။

ဒီလှိုင်းခက်ထန်ကိုင်သည့် လက်နက်ဘက်ကို ဘယ်ကောင်မှ အလွယ်တကူအနံ့ခံ၍ မရ..။ တန်ကြေးကြီးပြီး စနေဂြိုလ်ကို မောင်ပိုင်စီးလိုက်ချိန်မှစ၍ ဘယ်လိုအနံ့ခံရလိုက်မှန်းကိုမသိ..။

ဒီစနေဂြိုလ်က ဒုက္ခပေးမှန်းသိပါလျက်နဲ့ ပွေ့ပိုက်ထားမိတဲ့ မိမိကိုယ်ကိုသာ ဒီလှိုင်းအပြစ်တင်လိုက်မိပါ၏။

ထိုင်းနှင့်လာအိုဘက်ကမ်းကပ်ခဲ့ပါက မြန်မာက သောက်ရစ်ရှည် သောက်စားကြီးတွေလို ရာထူးအဆင့်ဆင့်လာဘ်မထိုးရပဲ အကောင်ကြီးကြီးကိုချောင်ပိတ်ရိုက်ရုံသာ..။ မြန်မာဘက်က အကောင်ကြီးကြီးကို ချောင်ပိတ်ရိုက်ဖို့ရာလည်း ဒီလှိုင်းခက်ထန်က အစီအစဉ်မကျသေးသ၍ အဲ့‌အကောင်ကိုသွားတွေ့မယ့်သူမဟုတ်..။

ခက်ချေပြီ..။

" ဒီနေ့ကျုပ်ရန်ကုန်ဆင်းမယ် ရန်ကုန်ကကောင်တွေကို အသင့်ဖြစ်ဖို့ ခင်ဗျားလှမ်းပြောထားလိုက် ကိုလွမ်.."

" ညှိစရာရှိရင် ရေသာပုံပေးလိုက် ဒီလှိုင်း လက်နက်တွေကရမှဖြစ်မယ်..။ ဟိုဘက်ကလည်း သူတို့မှားယွင်းမှုကြောင့် ပုံပေးရသမျှရေဖိုးကို တစ်ဝက်ခံမယ်တဲ့ "

Mg'sNwel Thar Kii(Complete)Where stories live. Discover now