Part(15) Uni

17.7K 1.1K 57
                                    

မောင့် နွယ်သာကီ

အပိုင်း(၁၅)

ဒီလှိုင်း ကုန်တင်လေယာဉ်နဲ့ပြန်မလာဘဲ ဟယ်ရီကော်ပတာနှင့်အရင်ပြန်လာပြီး သူနေသည့် အိမ်၏ အပေါ်ဆုံးအထပ်တွင် လေယာဉ်ရပ်နားလေသည်။ လေယာဉ်ရပ်နားတာနဲ့ Dဆီက အဆက်အသွယ်ရ၍ ချက်ချင်း တတိယထပ်ရဲ့ တံခါးပေါက်ကိုဖွင့်ကာဆင်းလာခဲ့သည်။

အပေါ်ဆုံးအထပ်တွင် တတိယထပ်ကိုသီးသန့်ဆင်းသည့် တံခါးပေါက်ရှိပါသည်။ ထိုတံခါးတွင်တော့ လျှိုဝှက်ကုဒ်နှင့်ဖြစ်၏။ ကျန်သည့်တံခါးသည်တော့ အလွယ်တကူဖွင့်လို့ရလေသည်။

သူတတိယအထပ်ကိုဆင်းလာပြီး အိပ်ခန်းတံခါးကို ဟ ကာဝင်သွားပြီး အိပ်နေသည့်လူကို တချက်ကြည့်ကာ စာကြည့်ခန်းထဲသို့ ဝင်သွားသည်။ စာကြည့်ခန်းထဲတွင် လေဖောင်းမွေ့ရာကို လေထိုးကာ အိပ်ခန်းထဲက ခေါင်းအုံး‌နှင့် စောင်ကိုယူပြီး မွေ့ရာပေါ်တွင် ချသည်။ ပြီးနောက် အိပ်နေသည့် အပြာရောင်လူသားငယ်ကို ဒူးကနေ မ ချီကာ နေရာပြောင်းဖို့လုပ်ရသည်။

မ ချီလိုက်တော့လည်း အင့်အဲလုပ်လာမှုကြောင့် ထုံးစံအတိုင်း တင်ပါးကို ခပ်ဖွဖွပုတ်ပြီး ကျွတ်စ်သပ်ရသေးသည်။

" ဟွန်း..ခင်ဗျားကတော့ အေးချမ်းနေလိုက်တာများ "

ဒီလှိုင်း နွယ်သာကီ့နှဖူးကို အနမ်းဖွဖွပေးကာ စာကြည့်ခန်းကို လုံခြုံရေးနှစ်ထပ်ချလိုက်ကာ တံခါးကိုပိတ်လိုက်သည်။

ပွဲကြမ်းမည့်သူ့ကြောင့် သေနတ်သံညံတော့မှာကိုသိ၍ နွယ်သာကီကိုမကြားရစေရန် အခန်းပြောင်းလိုက်ခြင်းသာ..။

အကယ်၍ သူသေခဲ့ရင်တောင် စာကြည့်ခန်းက ကိုလွမ်စေးတို့ရောက်တဲ့အထိ နွယ်သာကီ့ကို ကာကွယ်နိုင်မည်။

သူ တံခါးကိုအသည်းအသန်ဖွင့်ချင်‌ နေသည့်
လူတွေကို တစ်ဖက်မှကြည့်ပြီး စက်သေနတ်ကိုလွယ်ကာ တံခါးကိုဖွင့်ချလိုက်ပြီး အပီအပြင်ပြစ်လေသည်။

" Motherf**ker"

အလျစ်ဖြစ်သွားတာကြောင့် လှေကားပေါ်မှ အတုံးအရုံးလဲလာကြသည့် ခန္ဓာကိုယ်တွေသည် ဒုတိယအထပ်သို့ စိုက်စိုက်မြိုက်မြိုက်ကျလေသည်။ အနောက်ရောက်နေသည့်သူတွေက အောက်ပြန်ဆင်းကြသော်လည်း ဒီလှိုင်း၏ လူတွေကြောင့် အောက်ထိမရောက်နိုင်ပဲ အသက်မဲ့ခန္ဓာနှင့် ပြုတ်ကျလေသည်။

Mg'sNwel Thar Kii(Complete)Where stories live. Discover now