Part(24) Uni

14.7K 1K 16
                                    

(A/N မနက်ဖြန်မအားမှာစိုးလို့ မနက်ဖြန် ရက်စွဲနဲ့ကြိုတင်ပေးထားတာ မနက်ဖြန်မှ ဖတ်မယ့်သူတွေများရှိမလားလို့..။

မနက်ဖြန်အားရင် ထပ်ရေးပြီး ထပ်တင်ပေးမယ်နော်..။ အပိုင်း(၂၃)က ၂၁.၈.၂၂ရက်နေ့အတွက်ရေးထားတာဖြစ်ပြီး အပိုင်း(၂၄)က ၂၂.၈.၂၂အတွက် ရေးထားတာဖြစ်ပါတယ်။

နောက်ပိုင်းအချိုတွေရေးနေရတော့ပျင်းတယ်:)

မောင့်နွယ်သာကီ

အပိုင်း(၂၄)

အတိတ်တွေကနေ နွယ်ဘယ်လောက်ပဲရုန်းထွက်နေပါစေ မရှင်း‌လင်းသေးတဲ့အတိတ်တွေက နွယ့်ကို ပြန်ပိတ်လှောင်ပြန်ပါသည်။

အဲ့အတိတ်တွေက နွယ်ကိုယ်တိုင်လုပ်တာမဟုတ်ခဲ့သော်လည်း နွယ့်ကြောင့်ဖြစ်တည်လာလို့ထင်သည်။

မောင်က နွယ့်ကိုလာကြည့်ပြီး နွယ့်လက်ကို ခပ်ဖွဖွကိုင်ကာ နှစ်သိပ်ပေးပြန်သည်။

" နွယ် မတွေ့ချင်ရင် မောင်ပြန်လွှတ်လိုက်မယ်"

" ဟင့်အင်း မောင်..မရှင်းလင်းတဲ့အတိတ်တွေက ‌နွယ့်ဆီကနေတစ်ဆင့် နွယ့်ကလေးတွေကို လာနွယ်လိမ့်မယ် မောင် "

" အင်း နွယ်မှန်ပါတယ်။ ဘာပဲဖြစ်ဖြစ် နွယ့်ဘက်မှာ မောင်နဲ့ ကလေးတွေရှိ‌တယ်နော် "

" အွန်း "

အိမ်ထောင်ရေးတစ်ခုက တစ်ဦးနှင့် တစ်ဦးအပြန်အလှန်မှီခိုနေကြခြင်းဟု နွယ်အနက်အဓိပ္ပာယ်ဖွင့်ဆိုချင်သည်။
သားသမီး ရတနာက အိမ်ထောင်ရေးရဲ့ ကောင်းချီးပေါ့..။

သတ္တိတွေအပြန်အလှန်ပေးရင်း သံယောဇဉ်ခိုင်မာမှုတွေတည်ဆောက်ရင်း
နားလည်မှုတွေပေးရင်း ဤအချစ် ဤသစ္စာဟာ ခိုင်မာရစေလို၏။

" ဝင်ခွင့်ပေးလိုက် B "

Bထွက်သွားသည်နှင့် အခန်းထဲကို ခပ်ငယ်ငယ်ကောင်လေးတစ်ယောက်နှင့် အသက်ကြီးကြီး လူတစ်ယောက်ဝင်လာလေသည်။

" Long time no see သားနွယ် "

" Long time no see ကိုကို "

ထိုလူနှစ်ဦးက နွယ့်ကို ဦးတည်ကာနှုတ်ဆက်ပြီး နွယ့်တစ်ဖက်ဘေးရှိ ခုံမှာ ခွင့်မတောင်းပါပဲနှင့် ဝင်ထိုင်လိုက်သည်။

Mg'sNwel Thar Kii(Complete)Where stories live. Discover now