Part(6) Uni

17.1K 1.3K 69
                                    

မောင့် နွယ်သာကီ

အပိုင်း(၆)

လက်လှုတ်မှ ပါးစပ်စားရမည့်ဘဝတွေက တကယ်ခါးသည်..။ ဖျားနာလျှင်တောင် ဝမ်းရေးမငတ်ဖို့အတွက် အလုပ်လုပ်ရသေး၏။

သူတို့မောင်နှမနှစ်ယောက်က ပြေလည်တဲ့မိသားစုမှာနေခဲ့ရသူတွေမို့ ဒီဘဝတွေက သေချင်စရာကောင်းလောက်အောင် ခက်ခဲလွန်းသည်။

ပင်ပန်းတာအတူတူကို ဘယ်သူပင်ပန်းလဲတော့ နှိုင်းယှဉ်မကြည့်နိုင်တော့..။ တစ်ယောက်က စိတ်ကြောင့်ပင်ပန်းသလို..တစ်ယောက်က စားဝတ်နေရေးအဖို့ ရုန်းကန်နေရ၍ ပင်ပန်းသည်။

ဒီလှိုင်း အခုလုပ်နေသည့်အလုပ်သည် ငါးထပ်တိုက်ကို အပေါ်အောက်ဆင်းကာ အုတ်၊သဲ‌၊ကျောက်သယ်ရသည့်အလုပ်ပင်..။ ဘာမှမလုပ်စားတတ်သည့် သူ့ကို လိုင်းခန်းက အန်တီကြီးမှ သွင်းပေးထား၍ ဝမ်းရေးဖူလုံရသည်။

ပုဆိုးအပိုင်းကို ပခုံးပေါ်ခေါက်တင်ကာ သဲအိတ်နှစ်အိတ်ကိုဆင့်ပြီး လှေကားအလီလီ ဖြတ်ကျော်ကာ အမြင့်ဆုံးအထပ်သို့ သွားပို့နေသည်။ နေပူပူမို့ အသားညိုညိုမှာ ချွေးတွေကြောင့် ပြောင်လက်နေ၏။ သူ့ပုံစံမှာ‌ ‌‌ ထောင်ထောင်မောင်းမောင်း ထွားထွားကျိုင်းကျိုင်းမို့ အလုပ်ရှင်သဘောတွေ့ကာ ပိုခိုင်း၏။ ပိုခိုင်းပေမယ့် လုပ်ခတော့ တန်းတူပဲရသည်။

ဒီအလုပ်တစ်ခုပဲရှိလို့ သူလည်း စောဒက မတက်နေတော့..။

သူညနေနေဝင်ခါနီးတော့ ကားတိုးစီးကာ အိမ်ပြန်လာ၏။ လမ်းထိပ်က ဈေးကိုဝင်ပြီး ဟင်းချက်စရာဝယ်ဖို့လဲ သူမမေ့ချေ..။

" အဒေါ်ဗျ ဝက်သား‌ ထောင့်ငါးရာဖိူးလောက်ထည့်ပေးပါဗျ "

" အေးကွယ် "

သူပြန်လာတဲ့အချိန်က ဈေးကွဲချိန်မို့ ထောင့်ငါးရာဖိုးကျော်ကျော်အထိ ဝက်သားအများကြီးရပါသည်။ လယ်ကန်စွန်း နှစ်ရာဖိုး သုံးစည်း သူဝယ်လိုက်ပြီး အိမ်ပြန်လာခဲ့သည်။ တစ်စည်း ငါးရာဖြစ်နေသည့် တရုတ်ကန်စွန်းဘက်တော့ လက်ကိုမလှမ်းခဲ့..။

အရင်ကသိပ်ကြိုက်ခဲ့ဖူးပေမယ့် ခြွေတာနေရသည့်အချိန်မို့ ဟင်းမမယ်မည့် ပစ္စည်းတွေနဲ့ သူပါးစပ်အရသာမခံလို..။

Mg'sNwel Thar Kii(Complete)Where stories live. Discover now