Part (7) Zawgyi

5.5K 163 2
                                    

မောင့် နွယ်သာကီ

အပိုင်း(၇)

လူတွေက မိုက်ရဲကြတယ် မသေရဲကြဘူး..။
ကိုယ်တိုင်တော့ သေရဲကြတယ်..နှောင်ကြိုးတွေကို အသေမခံနိုင်ကြဘူး..။

အဲ့လိုလူတွေက ဒုစရိုက်လောကမှာ အဆုံးအရှုံးကြီးတယ်..။

ဒီလှိုင်းခက်ထန်ဆိုသည့် ယောင်္ကျားဟာတော့ ကိုယ်တိုင်က သေရဲသလို မိုက်လည်းမိုက်ရဲတယ်..။ သူ့မှ ဆုံးရှုံးဖို့ အသက်အပြင်ကျန်တာမရှိ၍ နှစ်အနည်းငယ်အတွင်း ရွှေတြိဂံမှာ အကျော်ကြားဆုံး၊အရက်စက်ဆုံး ညာလက်ရုံးဖြစ်လာတော့တယ်..။

ညာလက်ရုံး..ရွှေတြိဂံကို အလွမ်းမိုးနိုင်ဆုံးဖြစ်သည့် ဘိန်းရာစာ လွမ်စေး၏ ဆွေမျိုးအရင်းသဖွယ် အားအကိုးရဆုံး ညာလက်ရုံး..။ ဘိန်းရာဇာ လွမ်စေးကတောင် လက်မြှောက်အရှုံးပေးထားရသည့် ညာလက်ရုံး..။ 

‌နာမည်အတိုင်း ခက်ထန်လွန်းတယ်..။ မုန်တိုင်းလက်ကျန်လှိုင်းတွေလို ရက်စက်လွန်းတယ်..။ ‌မျက်ဝန်းညိုညိုတွေက ရေသေလို အမြဲအေးစက်နေပြီး အပြုံးအရယ်အလျဉ်းမရှိ..။ သူ၏ သွေးသည် ရေခဲမှတ်ရောက်သည်အထိ အေးလွန်းတယ်။

သူက ထွားကျိုင်းသည့် (၂၇)နှစ်အရွယ် ယောင်္ကျားပျိုတစ်ဦး..။ သူ့ အင်အားက ဆင်နှစ်ကောင်အားနှင့်ညီမျှသလို..
သူ့စိတ်ဓာတ်က သံတောင်ကြီးသဖွယ် မာကျောတယ်။

သူ့က အသားညိုကာ ထောင်ထောင်မောင်းမောင်းကြီးမို့ အညိုရောင်ဝက်ဝံကြီး(Brown Bear)ကို အတိုကောက်ခါ BBrownလို့လူအများသိကြတယ်။

BBrownဆို ဒုစရိုက်လောကမှာ ပွဲပြီးမီးသေတဲ့အထိပဲ..။

ဒီနေ့ ဩစတြေးလျက တက်တူးဆရာကို ခေါ်ကာ ဂိုဏ်းရဲ့ဟောခန်းပြင်ကျယ်မှာ သူတက်တူးထိုးနေ၏။ တက်တူးဆရာက သူ့ရဲ့အေးစက်မှုအရှိန်အဝါကြောင့် လက်တွေတုန်ရင်နေသလိုလိုပင်..။

"Are you done today?"
(မင်းဒီနေ့ပြီးအုံးမှာလား)

"If you can't do it, go back to where you came from"
(မင်းမလုပ်နိုင်ရင် လာရာအရပ်ကိုပြန်)

စီးကရက်ကိုလက်ကြားညှပ်ကာ တက်တူးဆရာကို အသံခပ်ဩဩနှင့် သူ၏စိတ်မရှည်မှုကိုပြသနေသည်။

Mg'sNwel Thar Kii(Complete)Where stories live. Discover now