Part(5) Zawgyi

4.9K 151 1
                                    

မောင့် နွယ်သာကီ

အပိုင်း(၅)

အို..ချုပ်နှောင်မှုကင်းလွတ်တဲ့အချိန် ရှုရှိုက်ရတဲ့လေတွေက လတ်ဆက်လိုက်တာ..။

အို..ဒီမုဒ်ဝကို သူလှည့်မကြည့်ဘဲ ရှေ့တည့်တည့်ကိုသာလျှောက်လာခဲ့ပြီး အိမ်ပြန်လမ်းဆီသို့..။ သူပုံစံက ညစ်နွမ်းမနေပါ။ နဂိုထဲက ဥပဒိရုပ်ကောင်းသူမို့ အသားအရေပိုညိုလာမှုအပေါ် သူက ငိုမပြောနဲ့ ညိုချောဆိုသည့် ပြယုဂ်ကို ထင်သာမြင်သာရှိအောင် ပြနေပါသလို..။

ကချင်ပုဆိုးအစိမ်းကွက်ကျဲကျဲနှင့် တီရှပ်တိမ်းဖန့်ဖန့်ကို တွဲဝတ်ကာ လည်သာအိတ်တစ်လုံးကိုလွယ်ထားသည့် သူ့ကို ထောင်‌ထွက်လို့ပြောရင် မည်သူ့မျှရုံမည်မထင်..။

သူ့ရဲ့ပြည့်စုံမှုအပေါင်းကတော့ ‌ဗိုလ်ချုပ်ကေခပ်တိုတိုမှစ ကတ္တီပါဖိနပ်စိမ်းစိမ်းဆင်မြန်းထားသည့် သွေးကြောအလိမ်လိမ်ယှက်သွယ်နေသည့် ခြေဖမိုး ဝင်းညိုညိုအဆုံး ပြောစရာမရှိလောက်အောင်ကို ခညောင်းနေပါ၏။

သူ သူသိသည့် သူတို့မိသားစုလေး ပျော်စံရာအိမ်ဆီသို့ တန်းလာခဲ့ပါသည်။ အိမ်လေးတော့ ရှိကောင်းပါသေးရဲ့..။

ကလင်~~ကလင်

သူတို့အိမ်ရဲ့ခြံဝမှာ မေမေကိုယ်တိုင်ပျိုးထားသည့် နွယ်သာကီပန်းတွေအစား သံဗန်း သံတံခါး နက်နက်ကြီးက အစားထိုးဝင်ရောက်လာသည်။

" ဟေ့ ကောင်လေး ဘာကိစ္စရှိလို့တုန်းကွ "

" ဦးကြီး ကျွန်တော် ဒီအိမ်က လေပြေသွေးရဲ့ အိမ်လားဗျ "

ခြံစောင့် ဦးလေးကြီးက အသက်အားဖြင့်သိပ်ကြီးသေးပုံမရပေမဲ့ သူ့ထက်ကြီးလောက်သည်။ နဂိုထဲက လူယဉ်ကျေးအသွင်ရှိသည်မို့ ယဉ်ယဉ်ကျေးကျေးပြောလိုက်ရာ…

" လေပြေသွေး..လေပြေးသွေး..ကြာဖူးသလိုပဲ"

ခြံစောင့်က သူ့နှုတ်ခမ်းမွှေးတွေကို ဆွဲကာ စဉ်းစားနေဟန်..။

" ဟေ သိပြီကွ..ပန်းအိုးတွေလာယူသွားတဲ့ကောင်မလေး..နေအုံး နေအုံး သူလိပ်စာကဒ်ပေးခဲ့သေးတယ် ခဏစောင့် ငါသွားယူပေးမယ် "

Mg'sNwel Thar Kii(Complete)Where stories live. Discover now