Part(20) Zawgyi

4.3K 143 3
                                    

မောင့် နွယ်သာကီ

အပိုင်း(၂၀)

" ကိုပိန်..အာ..ဝန်ကြီးချုပ် ဦးဘုန်းပြည့်စုံ "

ဒီလှိုင်း ဘန်ကောက်ရောက်နေတာ နွယ်သာကီ့ကိုယ်ဝန်ငါးလကျော်ထဲက ဖြစ်သည်။ မြန်မာပြည်က ရွေးကောက်ပွဲကို နည်းနည်းဝင်မွှေလိုက်သော်ငြားလည်း သူကိုယ်တိုင်တော့ နိုင်ငံသားတစ်ယောက်ရဲ့တာဝန်အရ မဲပေးခြင်းကို မပြုလုပ်ခဲ့..။

သူ့ရဲ့မူဝါဒက မဟာသာကီမဟုတ်ရင် ကြိုက်တဲ့သူနိုင်ဆိုသည့် မူဝါဒဖြစ်သည်။

ရွေးကောက်ပွဲပြီးသွားတော့ ဝန်ကြီးချုပ်နေရာကို ကိုပိန်က ရလိုက်ပြီး မဟာသာကီက ခွေးရှုံးရှုံးသွားကာ သူ့အချစ်ဆုံးသားလေးရဲ့ အရှုတ်ထုတ်တွေကို ရှင်းရသလို သူကိုယ်တိုင်၏ အရှုတ်ထုတ်တွေကိုလိုက်ဖုံးနေရသည်။

ဝန်ကြီးချုပ်ဖြစ်တဲ့ ဘုန်းပြည့်စုံက ဂုဏ်ပြုခံချင်လွန်း၍ ဘန်ကောက်ကို တိုးတဆိတ်လိုက်လာရတာဖြစ်ပြီး ဒီလှိုင်းနှင့်ဟော်တယ်တစ်ခုမှာချိန်းဆိုကာ နေ့ခင်းဘက်ကြီး သောက်ကြ၊စားကြမည်။ ညဘက်ကျ ဒီလှိုင်းက သူ့ယောင်္ကျားဗိုက်ဗိုက်ကိုပြစ်ပြီး မလာနိုင်။

" ဘယ်လိုလဲ မင်းရဲ့ဗိုက်ကလေးကို မခေါ်လာဘူးလား ကိုတွတ်ပီရဲ့ "

" ကျုပ်က ဆိုင်ကယ်ပဲစီးနိုင်တယ် နွယ့်ဗိုက်ကလရင့်လာတာနဲ့အမျှ ဆိုင်ကယ်မစီးနိုင်တော့ဘူး‌ "

" ဪ ဪ သူများတွေများချစ်တတ်လိုက်တာကွာ "

ကိုပိန်က ယခင်အတိုင်း ဒီလှိုင်းကိုဆို စစနောက်နောက်နှင့်ပင်။ ယခင်က ကိုပိန်သည် သွားနီနီနှင့် လူဝတစ်ယောက်။ အခုဦးဘုန်းပြည့်စုံသည် တောင့်တောင့်တင်းတင်းခန္ဓာနှင့် လူကြီးလူကောင်းတစ်ယောက်..။

အတိတ်နဲ့ ပစ္စုန့်ပ္ပန်ကိုယှဉ်ပြီး ဘာကွာသွားသလဲ မေးခဲ့ရင် သေချာပေါက် အချိန်ကွာသွားလို့ဟူ၍ ဖြေကြမှာပင်။

လူတစ်ဦးရဲ့ အစစအရာရာကို အချိန်ကပြောင်းနိုင်တာမျိုး မဟုတ်ဘဲ အဲ့အချိန်အတွင်းဖြတ်ကျော်ခဲ့ရတဲ့ ဘဝစာမျက်နှာတွေကသာ ပြောင်းလဲနိုင်တာဖြစ်သည်။

Mg'sNwel Thar Kii(Complete)Where stories live. Discover now