Part 4(Uni)

4.9K 296 10
                                    

အခုတေလာ ကျွန်တော် အစ်ကိုလှိုင်းနဲ့ အနေများနေတယ်။ ကျောင်းခန်းထဲက လူတစ်ချို့ကတောင် ကျွန်တော့်ကို အထင်ကြီးနေကြတယ်။ စော်ကြည်ဘဲနဲ့ ခင်တဲ့သူဆိုပြီးပေါ့။ အစ္ကိုက မိန်းကလေးတွေနဲ့သာတွဲနေတာ ယောက်ျားလေး သူငယ်ချင်းရယ်လို့ ခပ်ရှားရှားရယ်။ အပေါင်းသင်းလုပ်တာပေါ့ ရင်းနှီးတဲ့သူတွေတော့ အများကြီး ပဲ။

အစ္ကိုက ခင်ဖို့လည်းကောင်းတယ်လေ။ စကားကိုလည်း လှနေအောင်ပြောတတ်တော့ လူချစ်လူခင်များပြီပေါ့။

ဒါပေမယ့် အစ္ကို ကျွန်တော်ကို လာကပ်ရတဲ့အကြောင်းကို စဉ်းစားလို့မရသေးဘူး။ ကျွန်တော့်ကိုပဲ တကယ်ခင်လို့လား။ ဒါမှမဟုတ် ကျွန်တော့်ဆီက လိုချင်တာတစ်ခုခုရှိလို့ရယ်လားလို့ တွေးနေမိတယ်။ ဘာပဲဖြစ်ဖြစ် ခုလို အကိုနဲ့ နီးနီးကပ်ကပ်နေရတာ ကြိုက်တယ်။ ပျော်လည်းအရမ်းပျော်တယ်။

အရင်က ကျောင်းကိုတစ်ယောက်ထဲလာနေကြ။ ခုတော့ အစ်ကိုနဲ့အတူတူ လာဖြစ်တယ်။ ကျောင်းသွားတော့လည်း အစ္ကိုက ကျွန်တော်တို့ရပ်ကွက်ရဲ့ လမ်းထိပ်က အုတ်ခုံလေးပေါ်ကနေ အျမဲ စောင့်နေလေ့ရှိတယ်။

ကျောင်းပြန်တော့ ကျူရှင်ရှေ့အထိလိုက်ပို့ပေးတယ်။ ကျူရှင်က ပြန်ချိန်ဆိုလည်း စောင့်နေတတ်တယ်။ အစ်ကိုနဲ့ ခုလို ရင်းနှီးရတာ တကယ့်ကို အိပ္မက္တစ္ခုလိုပဲ။ ခုဆို အစ္ကိုက ဘာစိတ်ကူးပေါက်လို့ရယ်မသိ။ ဘယ်ကောင်မလေးနဲ့မှ တွဲတာတွေဘာတွေမရှိတော့ဘူး။ အေရးဆို စိတ်ကူးကယဉ်လိုက်သေးတယ်။ ကျွန်တော့်ကိုများ အစ်ကိုစိတ်၀င်စားနေလားပေါ့။

ဒါပေမယ့် အဲ့ဒါ မဖြစ်နိုင်တဲ့ ကိစ္စကြီးတစ်ခုပဲလေ။ မိန်းကလေးတွေကို အမြဲတွဲနေတတ်သူက ယောက်ျားလေး တစ်ယောက်ကို စိတ်၀င်စားမတဲ့လား။ ကျွန်တော်ရူးတာပါ။ မဖြစ်နိုင်တာတွေဆို အမြဲစိတ်ကူးယဉ်နေတတ်လို့။

အခုဆို ပထမစမ်း စာမေးပွဲတောင်ဖြေရတော့မယ်။ အစ်ကိုစာတွေရောရရဲ့လားမသိ။ အစ္ကိုက စာတော်ပြီးသားဆိုတော့ ပူစရာမလိုပါဘူး။ ကျွန်တော်သာ ညဘက် စိတ်ကူးယဉ်နေတာတွေလျှော့ပြီး စာပိုလုပ်ရမှာ။ အဆင့် ၁ မရတောင် ၅အတွင်း၀င်အောင်လို့လေ။

မင်းနဲ့မှ ချစ်တတ်ပြီ (မင်းနဲ့မှ ချစ်တတ်ပြီ ) [Complete]Where stories live. Discover now