Part 23(Uni)

2.1K 151 4
                                    

ပျော်ရွှင်စရာနေ့ရက်လေးကို အကောင်းဆုံးဖြတ်သန်းခဲ့ပြီးသည့်နောက် ကျွန်တော်တို့ရဲ့ ဆိုင်ရာ နေရာသို့ ပြန်ရတော့မည့် အချိန်ရောက်ရှိလာပါတော့တယ်။

ညေန ၄နာရီတွင် တစ်နေကုန်ပျော်ရွှင်စွာ ဆော့ကစားခဲ့ရသော ၇မိုင်ကမ်းခြေ အပန်းဖြေစခန်းကို ကျောခိုင်းခဲ့ပါ တော့တယ်။

မနက္ကလာခဲ့သလို ကျွန်တော်တို့က တစ်ဖွဲ့ ကိုကိုနဲ့ ကိုမင်းထွဋ်ကတစ်ဖွဲ့ပေါ့။

ကိုကိုတို့က ကျွန်တော်တို့ ကားနောက်ကနေ ဆိုင်ကယ်ကို ဖြည်းဖြည်းမောင်းပြန်ခဲ့ကြတယ်လေ။

ဒီနေ့ကတော့ ကျွန်တော်တို့နှစ်ယောက်ရဲ့ အပျော်ရဆုံး Dateလေးတစ်ခုပေါ့။

စွန့်စားမှုတွေလည်း လုပ်ခဲ့ရတယ်။

အရမ်းပျော်တယ်။ နောက်နေ့တွေလည်း ခုလိုမျိုး ကိုကိုနဲ့အတူ သွားခွင့်ရရင် သိပ်ကိုကောင်းမယ်။

ညနေစာကိုတော့ အိမ်ရောက်မှ စားရေတာ့မွာပဲ။

တစ်နေကုန်ပင်ပန်းလာလို့ ထင်ပါရဲ့ ဟိုလေးကောင် အိပ်ပျော်သွားကြပြီ။

မိဖူးကေတာ့ အေ၀းတစ်နေရာကို ငေးနေတာပေါ့။

သူနဲ့ကျွန်တော်နဲ့ရှင်းစရာ ရှိနေသေးတယ်။

ကျွန်တော့်သိချင်စိတ်က ခုချိန်ထိမပျောက်သေးဘူး။

ကျွန်တော်သူ့ကို ကြည့်နေမှန်းသိလို့နေမယ် ကျွန်တော့်ဘက်ကို မိဖူး လှည့်ကြည့်လာတယ်။

ကျွန်တော့်ကိုကြည့်ပြီး ပြန်လှည့်သွားလေရဲ့။

သူကျွန်တော်တို့အားလုံးကို ဖုံးကွယ်ထားတဲ့အရာတစ်ခုရှိနေတယ်ဆိုတာ ကျွန်တော်သိနေပြီ။

သူဘာလို့ ဖုံးကွယ်ထားတယ်ဆိုတဲ့ အခ်က္ကို ကျွန်တော်တို့ မသိရေသးဘူး။

ကျွန်တော်အရမ်းသိချင်နေတာတော့မှန်ပေမယ့် သူမပြောဘဲနဲ့တော့ ကျွန်တော်ထပ်မမေးတော့ပါဘူး။

သူကိုယ်တိုင် ထုတ်ပြောတဲ့အချိန်ထိ ကျွန်တော်စောင့်နေမှာပါ။

ညေန ၆ခွဲလောက်မှ ကျွန်တော်တို့ ရပ္ကြက္ကို ပြန်ရောက်ခဲ့တယ်။

မင်းနဲ့မှ ချစ်တတ်ပြီ (မင်းနဲ့မှ ချစ်တတ်ပြီ ) [Complete]Where stories live. Discover now