Part 11 (Uni)

3.4K 221 7
                                    

ညီ့ဆီသွားရင်း ဆိုင်တစ်ခုကို၀င်ပြီး Mask ၀င်၀ယ်ရသေးတယ်။ ခုပုံစံကြီးကို ညီမြင်သွားလို့ မသင့်တော်ဘူးလေ။ မင်းထွဋ်ကတော့ ကျွန်တော်နဲ့ခပ်လှမ်းလှမ်းက လိုက်လာတယ်။

ဟုတ်လည်းဟုတ်ပါတယ် မင်းထွဋ်က ရာဇ၀င်လူဆိုးလေ။ အရင်ကျောင်းတုန်းက ပုခုံးဖက်ပေါင်းလာတာမို့ သိတာပေါ့။

ကိုယ်တွေကလည်း နည်းတဲ့ အရည်အချင်းလား သူနဲ့ယှဉ်နိုင်တယ်။ ယှဉ်နိုင်တယ်ဆိုတာထက် ကိုယ္က တော်ကြောင်းသိပ်မပြတတ်တော့ သူများတွေက ဘယ္သိမလဲ။

ကိုယ္လက္စ ဘယ်လောက်ပြင်းလဲ မမေးနဲ့။ ခုနက အထိုးခံခဲ့ရတဲ့ကောင်တွေ မနက်ကျောင်းတက်နိုင်မှာမဟုတ်။

အနည်းဆုံး တစ်ပတ်လောက်ကတော့ ဆန်ပြုတ်နဲ့နှစ်ပါးသွားရလောက်တယ်လေ။

ကျွန်တော့်ရဲ့ချစ်သူလေး မျှော်နေလောက်ပြီ။ အပြေးလေးသွားချင်နေသော်လည်း ခြေကတော်တော်နဲ့လှမ်းမရ။

ခြေထောက်ကိုလည်း နည်းနည်းထိထားတယ်လေ။ အကန္ခံထားရတာ။

သောက်ကလေးတွေ ဒင်းတို့ကြောင့် ငါ့အချစ်ကလေးဆီမြန်မြန်မသွားနိုင်တာ။

ဟော... တွေ့ပါပြီ ကျူရှင်ရှေ့ကကြည့်လိုက်ရင် မြင်ရတဲ့ ကွတ်ပျစ်လေးပေါ်မှာ မျှော်နေရှာတဲ့ အခ်စ္ကေလးကို တွေ့လိုက်ရမှပဲ စိတ်အေးရတော့တယ်။

ကျွန်တော့်ကိုမြင်တော့ တစ်ချက်ပြုံးသွားတယ် နောက်တော့ မျက်မှောင်ကြီးကျုံ့လို့။

Maskတပ်ထားလို့ ထင်ပါရဲ့။

ကျွန်တော်လည်း လက်လှမ်းပြပြီး ခနရပ်စောင့်နေလိုက်တယ်။

ကောင်မလေးတွေနဲ့ ဘာတွေပြောနေလဲမသိ တတွတ်တွတ်နဲ့။ နှုတ်ခမ်းမဖတ်တတ်တာခက်တာပဲ။ ဖတ်တတ်ရင် အေ၀းကနေ သူဘာပြောလဲ သိရမွာ။

အဲ့ဒါ ဘယ်မှာသွားသင်ရမလဲမသိ။ သက်ပြင်းသာ ချနေမိတော့တယ်။ ချစ်ရသူက ခုချိန်ထိ ထွက်မလာသေးဘူး လေ။ ကျွန်တော်လည်း နာရီကြည့်လိုက် ခြံ၀န်းထဲကြည့်လိုက်နဲ့ တော်တော်အလုပ်ရှုပ်နေပါတယ်။

"ဟဲ့ ညီညီ... နင်ဘာဖြစ်နေတာလဲ..."

"ဘာမွမျဖစ္ဘူး..."

မင်းနဲ့မှ ချစ်တတ်ပြီ (မင်းနဲ့မှ ချစ်တတ်ပြီ ) [Complete]Where stories live. Discover now