Part 20 (Zawgyi)

857 28 0
                                    

မင်းနဲ့မှချစ်တတ်ပြီ

Part 20

၇မိုင်ကမ်းခြေလေးဟာ အရမ်းကို သာယာပါတယ်။ ပင်လယ်ကမ်းခြေမဟုတ်ပေမယ့်လည်း မြစ်ကမ်းခြေဖြစ်သည့်အတွက် အေးမြတဲ့ သဘာဝရေရှင် ကို ဆော့ခွင့်ရပါတယ်။ ကန့်သတ်နယ်မြေအဖြစ် ဘောလုံးများဖြင့် စည်းခြားထားကာ အဲ့ဒီ စည်းအတွင်း ရေဆော့ခွင့်ရှိပါတယ်။

ဘေးတွင်လည်း အန္တရာယ်တစ်ခုခုဖြစ်လျှင် ချက်ချင်းကယ်ဆယ်နိုင်ရန်အတွက်လည်း ၀န်ထမ်းများ အသင့်ထားရှိ ထားသည်မို့ ပူပန်စရာမလိုပေ။ Speed Boardစီးချင်ရင်လည်း ရသေးတယ်။

ဒုဋ္ဌ၀တီမြစ် (ခ) မြစ်ငယ် မြစ်ရဲ့ အလှတရားကို အပြည့်အ၀ခံစားနိုင်ပါတယ်။ အပန်းဖြေလို့ ကောင်းမယ့် နေရာတစ်ခုဆိုလည်း မမှားပါဘူး။ ရေထဲဆင်းလို့ မောသွားရင် သေနတ်ပစ်တာ ဘတ်စကပ်ဘော ကစားတာတွေလည်း လုပ်လို့ရသေးတယ်။ နောက်ပြီး မြစ်ကိုဖြတ်ပြီး အသည်းတယားယားနဲ့ စီးလို့ရမယ့် Zip Lineလည်းရှိတာကြောင့် တကယ့်ကို လည်ပတ်သင့်တဲ့ နေရာ တစ်ခုပဲ ဖြစ်ပါတယ်။ ကြော်ညာခမရဘဲ ကြော်ညာနေရတာ သိပ်တော့မလွယ်ဘူး။

ကိုကို့ကိုမတွေ့လို့ မျက်လုံးဒေါက်ထောက်ပြီး လိုက်ရှာနေရတယ်လေ။ ဖုန်းခေါ်ကြည့်မယ်ဆိုတော့လည်း မရဘူး။ မိကူးမ ဓာတ်ပုံရိုက်မယ်ဆိုပြီး မ သွားလို့ တော်တော် ဒုက္ခရောက်နေလေရဲ့။ ကိုကိုတို့ အစောကြီးပဲ ကြိုရောက်တာလား နောက်ပဲကျနေတာလားတော့မသိ။

"ညီညီ... ငါ့ကို ရိုက်ပေး သူတို့ရိုက်တာ မလှလို့..."

"ဒုတ်နဲ့လား..."

"မသာရယ် ဓာတ်ပုံရိုက်ခိုင်းတာဟဲ့..."

"မသိဘူးလေ နင်က ရိုက်ပေးဆိုလို့ ငါဒုတ်ရှာနေတာ..."

"ရိုက်ပေးလို့... နော် နော် နော်..."

"အေးအေး..."

ကျွန်တော်လည်း နားငြီးသက်သာအောင် ရိုက်ပေးလိုက်ရတယ်။ ဒါတောင်သူက ကျေနပ်တာမဟုတ်။ မလှလို့ဆိုပြီး ပြန်ပြန်ရိုက်ပေးရတယ်။ ကြာလာတော့ လူလည်း မောလာပြီ။ သူကတော့ poseတွေ အမျိုးမျိုးပေးနေတာ ကိုယ်တွေရိုက်ပေးရတာ တကယ်မလွယ်ဘူး။

မင်းနဲ့မှ ချစ်တတ်ပြီ (မင်းနဲ့မှ ချစ်တတ်ပြီ ) [Complete]Where stories live. Discover now