Part 26 (Uni)

2.1K 156 1
                                    

မင်းနဲ့မှချစ်တတ်ပြီ

Part 26

အဖြစ်ပျက်တွေက မြန်ဆန်လွန်းသဖြင့် လိုက်မမီနိုင်အောင် ရှိနေလေပြီ။

ကျွန်တော်နဲ့ညီကို အိမ္က သဘောတူလိုက်ပြီဖြစ်ကြောင်း မင်းထွဋ်ကို ကြွားရန် သွားစဉ်တွင် မင်းထွဋ်ဆီမှ ကြားရသော စကားကြောင့် လုံး၀အံ့သြမှင်သက်သွားမိတယ်။

ကိုယ်တိုင် စကားပြောဖူးသဖြင့် လုံး၀မိန်းကလေးဟု သတ်မှတ်ထားသောသူမှာ ယောက်ျားလေးတစ်ယောက် ဖြစ်နေသည်တဲ့လား။

မင်းထွဋ်အတွက်စိတ်မကောင်းဖြစ်မိတယ်။

သူကေတာ့ ဖူးပွင့်မေဆိုတာ မိန်းကလေးဖြစ်ဖြစ် ယောက်ျားလေးဖြစ်ဖြစ် သူဖြစ်နေလို့ လက်ခံပါတယ်တဲ့။

ဒါပေမယ့် ရည်းစားဖြစ်ပြီး တစ်ရက်ပဲရှိသေးတာ ချက်ချင်းကြီးခွဲရတော့ သူတော်တော်ခံစားနေရပုံပဲ။

ကိုယ့်အကြောင်းတောင် မကြွားရဲတော့တဲ့အထိကို ဖြစ်သွားခဲ့တယ်။

ကိုယ်ကအဆင်ပြေနေပြီး သူငယ်ချင်းကအဆင်မပြေတော့ ထုတ်ပြောရင်လည်း မသင့်ဘူးလေ။

"မင်းထွဋ်... မင်းအဆင်ပြေရဲ့လား..."

"အင်း အဆင်ပြေအောင်နေရမှာပဲ..."

"မင်းဘာဆက်လုပ်မှာလဲ..."

"ဘာလုပ်ရမှာလဲ သူပြန်လာတဲ့အထိ ငါစောင့်နေမယ်..."

"အင်းပါ မင်းသဘောပါပဲ..."

"သောတ..."

"ပြောလေ..."

"ငါ့ကို တစ်ခုလောက် ကူညီပါလား..."

"ဘာကူညီရမွာလဲ ပြောလေ..."

"ငါဆယ်တန်းပြန်ဖြေမလို့ အဲ့ဒါ မင်းငါ့ကို သင်ပေးပါ..."

"ဟမ်! မင်းတကယ်ပြောတာလား..."

"အင်း..."

"မင်းက ကျောင်းမတက်တော့ဘူးလား..."

"ဟင့်အင်း ငါအပြင်ဖြေနဲ့ပဲ ဖြေတော့မယ်... ငါကျောင်းတက်ရင် အချိန်တွေကုန်လိမ့်မယ်... ငါအလုပ်လည်းလုပ် စာလည်း ကြိုးစားမယ် မင်းငါ့ကို ကူညီပေးပါကွာ..."

"ပြောနေစရာတောင် မလိုပါဘူးကွာ... မင်းက ငါ့သူငယ်ချင်းပဲ ငါကူညီပေးရမှာပေါ့..."

မင်းနဲ့မှ ချစ်တတ်ပြီ (မင်းနဲ့မှ ချစ်တတ်ပြီ ) [Complete]Where stories live. Discover now