Part 12 (Uni)

2.9K 191 2
                                    

ဘာလိုလိုနဲ့ ကိုကိုနဲ့ချစ်သူဖြစ်တာ ၅လတောင်ရှိပြီ။ အရင်ကောင်မလေးတွေလိုမျိုး တစ်ပတ်ပဲ တြဲမလား စိတ်ပူနေ ခဲ့ရတာ။ ခုတော့လည်း စိတ်မပူတော့ပါဘူး။

ကိုကိုက အရင်ကလိုပဲ ခုချိန်ထိ အေသးဖွ​ဲ​ကအစ ဂရုစိုက်နေတုန်းလေ။

ကိုကိုရဲ့ချစ်သူဖြစ်ခွင့်ရတာ အရမ်းပျော်တာပဲ။ ကျွန်တော့်ဘ၀မှာ အလိုချင်ဆုံး ဆုတစ္ခုကို ရလိုက္သလိုပဲ။

အရင်ကထက် ကိုကို့ကို ပိုပြီးချစ်မယ်။

နွေမှာလည်း ချစ်မယ်။ မိုးမှာလည်း ချစ်မယ်။ ဆောင်းလည်း ချစ်မယ်။

ဆောင်းဆိုမှ အခုက ဒီဇင်ဘာတောင်ရှိပြီ။ အရမ်းအေးတယ် မြန်မာနိုင်ငံအလယ်ပိုင်းဆိုတော့ အပူလွန် အအေးလွန် ဆိုပါတော့။

ပူရင်လည်း အေသပူ။ အေးရင်လည်း အေသေအးတာ။

ဒီကြားထဲ ကိုကိုနဲ့ သံယောဇဉ်တွေပိုတိုးလာတယ်ပြောရမယ်။

ညတိုင်းဖုန်းပြောရတယ်။ စာကျက်ချိန်ပြီး အိပ်ခါနီးမှပါ။ ကိုကိုက ဆယ်တန်းလေ။ အရေးကြီးတယ်မလား။

ကိုကိုက ဆရာ၀န်လိုင်းမီအောင် အရမ်းကြိုးစားနေတာလေ။ ကျွန်တော်ကလည်း ကိုကိုနဲ့အတူတူကျောင်းတက် နိုင်အောင် စာတွေကြိုးစားနေပါတယ်။

ကိုကိုတို့ စာမေးပွဲဖြေဖို့ ၃လလောက်ပဲ လိုတော့တာမို့ ပိုပြီး အားစိုက်နေရတယ်လေ။

ဒီဇင်ဘာ ကျောင်းပိတ်ရက်လည်းရှိတယ်။ ကိုကိုကပြောတယ် ကျောင်းပိတ်ရက်ကျရင် လျှောက်လည်ကျမယ်တဲ့။ ခရီးတစ်ခုခုထွက်မယ်တဲ့။

မေကြီးတို့ကို ဘယ်လိုပြောမှာလဲ မေးတော့ သူရှင်းမယ်တဲ့လေ။ ဘယ္သြားမယ္မသိ။ ရင်တွေ အရမ်းခုန်နေမိတယ်။

ဒီနေ့ ကိုကိုနောက်ကျနေတယ်။ ကျွန်တော်ရောက်တာ ၁၀မိနစ်တောင်ရှိနေပြီ။ အရိပ်ယောင်တောင်မတွေ့ရဘူး။

ကိုကိုနေများမကောင်းလို့လားပဲ။ ကျွန်တော်စိတ်ပူပူနဲ့ မျှော်နေရတာပေါ့။

ကျွန်တော်တွေ့လိုက်ရတဲ့သူကြောင့် ကျွန်တော့်မှာ ကြက်သေသေသွားရသေးတယ်။

မင်းနဲ့မှ ချစ်တတ်ပြီ (မင်းနဲ့မှ ချစ်တတ်ပြီ ) [Complete]Where stories live. Discover now