Final Part (Zawgyi)

1.4K 34 0
                                    

မင်းနဲ့မှချစ်တတ်ပြီ

Final Part

ဒီနေ့ စိတ်အလှုပ်ရှားစေသောနေ့ပဲ။ အကြောင်းကတော့ ကျွန်တော့်မေမေ ထောင်ကလွတ်မယ့်နေ့လေ။ မေမေ့ကိုလည်း ကျွန်တော်လွမ်းနေမိတာပါ။ ငယ်ငယ်လေးထဲက စောင့်ရှောက်လာပေးတဲ့ကျေးဇူးတွေကျွေးလည်း ရှိနေသေးသည်မလား။

မေမေကရော ကျွန်တော့်ကို လွမ်းနေပါ့မလား။ ပြီးတော့ ကျွန်တော် ကိုနဲ့ မေမေ့ကို မိတ်ဆက်ပေးဖို့ပါ ပြင်ထားတယ်။ ကိုကပြောတယ် တကယ်ကို မေမေနဲ့ အတူနေချင်တယ်ဆိုလည်း သူက ရတယ်တဲ့။ ကို့ကိုလည်း ကျေးဇူးတင်ပါတယ်။ အရာရာ ကျွန်တော့်ကိုပဲ ဦးစားပေးလို့ပေါ့။

"မေမေ..."

"သား..."

မေမေထွက်လာလာချင်း ကျွန်တော့်ကို မြင်လိုက်ရတော့ အရမ်းအံ့သြသွားပုံပဲ။ မျက်ဝန်းတွင်လည်း မျက်ရည်များ အိုင်ထွန်းလျှက်ရှိနေလေသည်။

"သား သားက လူပျိုကြီးကိုဖြစ်လို့ပါလား။ ချောလည်း ချောလာတယ်..."

"မေမေလည်း အရင်လို နုနေစဲပါပဲ..."

"သားရယ်... မေမေတောင်းပန်ပါတယ်..."

"နှစ်တွေကြာခဲ့ပြီပဲ မေမေရယ်... အတိတ်ကို အတိတ်မှာပဲ ထားခဲ့တော့နော်... အခုလက်ရှိက သားနဲ့ မေမေအတူ နေရမယ်နော်..."

"သားရယ်..."

မေမေ့ရင်ထဲ မချည့်လိုက်တာကွယ်။ ဒီလောက် မကောင်းခဲ့တဲ့အမေကို ခုချိန်ထိ သိတတ်နေသေးတဲ့သား။

"မေမေ နေကောင်းပါတယ်နော်..."

"ဟင် ဒီက သားလေးက..."

"ကျွန်တော့်ကို မမှတ်မိဘူးထင်တယ်။ နှစ်တွေကြာတော့ မမှတ်မိလောက်ဘူးထင်ပါတယ်..."

"အေးကွယ်... မမှတ်မိတာကို ငါ့တူ စိတ်မရှိနဲ့နော်..."

"ရပါတယ် မေမေရယ်... "

မေမေ မမှတ်မိသည်ကို ကိုက စိတ်မဆိုးခဲ့ပေ။ ဘာပဲဖြစ်ဖြစ် အခုထဲက မိတ်ဆက်ထားပေးမှ တော်ကာကျ မယ်မလား။

"မေမေ... နားနဲ့မနာ ဖ၀ါးနဲ့နာပါနော်..."

"ဟေ..."

"ဒါ သားချစ်သူပါ မေမေ..."

"ဘယ်လို!"

"ဟုတ်ပါတယ် မေမေ... သူနဲ့သားက ဖူးပွင့်မေဆိုတဲ့ ဘ၀ကထဲက သိခဲ့ ချစ်ခဲ့တာပါ။ ဒါပေမယ့် ခု ဂုဏ်ရောင်ဘ၀မှာလည်း သား သူ့ကိုချစ်တယ် မေမေ...သူလည်း သားကို ချစ်ရှာပါတယ်။ အဲ့ဒါ မေမေသဘော တူပေးစေချင်ပါတယ်..."

မင်းနဲ့မှ ချစ်တတ်ပြီ (မင်းနဲ့မှ ချစ်တတ်ပြီ ) [Complete]Where stories live. Discover now