တစ်ဦးပိုင်နာမ်(၁)

3.1K 197 8
                                    

အပိုင်း(၁)

တစ်ဦးပိုင်နာမ်....

တစ်ဦးပိုင်နာမ်ဆိုတာဘယ်လိုမျိုးလဲ?
ပစ္စည်းတစ်ခုကို တစ်ယောက်သောသူပဲပိုင်ရှင်အဖြစ်ရှိနေလို့ရတာလား?,
ဟင်..ဒါမယ့်သူကပစ္စည်းမဟုတ်ပြန်ဘူး..ဒါဆိုသူကတစ်ဦးပိုင်နာမ်မဟုတ်တော့ဘူးပေါ့..
ကျတော်သူ့ကို ပိုင်လို့ရပြီလို့ဆိုလိုတာပေါ့?

ကျတော့်နမည်က Jeon Jungkook
အသက်က (၂၄) နည်းနည်းတော့စဉ်းစားညဏ်ရှိတဲ့အရွယ်အပိုင်းအခြားပေါ့..ဒါမယ့် စဉ်းစားတိုင်းထွက်လာတဲ့အဖြေတွေက ဘုကလန့်ဖြစ်နေတာတော့ ကျပ်မပြည့်လို့များလား?, တပြားပဲလိုနေသလား?, ဟ"
ကျတော်ကဆိုးလ်က ကလေကချေ/သူဌေးသားတစ်ယောက်! အိမ်ကိုပိုင်တယ်..အရာအားလုံးက ကိုယ့်စိတ်ကြိုက်ပဲ ဘာမဆိုလွယ်လွယ်ရတယ်..ဒါမယ့်သူကတော့ နည်းနည်းခက်နေတယ်...ကြိုးစားရမှာပေါ့လေ ကြိုးစားရင်ရမှာမဟုတ်လားး? ကျောင်းတက်စဉ်ကတော့ဆရာသမားတွေက အဲ့လိုပြောကြတာပဲ ကြိုးစားရင်ဘာဆိုရတယ်ဆိုပဲ...ကဲကြိုးစားကြတာပေါ့၊။

" ဟိတ် !.."

"........"

" ကိုယ်ပြောထားတာ ဘယ်လိုလဲ လက်ခံမယ်မလား??"

" ငါ့မှာကာမပိုင်ယောက်ကျားရှိတယ်လို့.."

" အဲ့ဟာ ဘာလုပ်ရမှာလဲ!?"

" ငါနဲ့မင်းကမဖြစ်နိုင်ဘူးးလေ.."

ပလက်ဖောင်းပေါ်မှာ ထမင်းချိုင့်တလုံးနှင့် အလုပ်မှီရန်အပြေးသွားနေသူကို ဂျောင်ကုချစ်ခွင့်ပန်ခြင်း//ပြောရရင် အနောက်ကနေလိုက်၍ ပိုင်ရှင်ရှိသူကိုနှောက်ယှက်နေခြင်း!

" ကိုယ့်မှာ ကားရော/ အိမ်ရော/ ငွေတွေကောအများကြီးရှိတယ်ကွာ လက်ခံမယ်မလား??"

" ကျစ်! ငါငွေမမက်ဘူး!"

" ငွေဆိုတာ ဒုတိယဘုရားသခင်နော်..မင်းကိုယ့်ကိုပြန်ချစ်လို့နောင်တမရပါဘူး.."

" ဆုတောင်းလိုက်! ငါမင်းကိုပြန်မချစ်ဘူးး!"

ရုံးတက်ဝတ်စုံချိုင့်နှင့်ကောင်လေးသည် သူ၏အလုပ်ရုံထဲသို့ ဂျောင်ကုကိုစကားဖြတ်၍ ဝင်သွားလေသည်..ကောင်လေးမှာ ရိုးရိုးအအသဏ္ဍာန်‌မည်ပေမယ့် ခပ်စွာစွာရယ်..ထိုသည်ကိုပဲ ဂျောင်ကုတို့စွဲလမ်းနေတာ ဆေးမမှီတော့ပါ။

တစ်ဦးပိုင်နာမ် ( Complete )Where stories live. Discover now