တစ်ဦးပိုင်နာမ်(၁၁)

648 95 22
                                    

အပိုင်း (၁၁)

ခနခနပါးစပ်ကစပ်ဖြဲဖြဲဖြစ်နေတဲ့ ရှေ့ကဂျောင်ကုကို ဂျီမင်သိပ်ကြည့်မရတော့ပါ။
ည(၁၁)ခွဲကာမှ အိမ်ကိုပြန်ရောက်လာပြီး အိပ်နေသူကိုအတင်းနှိုး.. ဗိုက်ဆာလှပါရဲ့ဆိုပြီး ခေါက်ဆွဲပြုတ်ခိုင်း..ပြုတ်လည်းပြီးရော ခေါက်ဆွဲပြုတ်ကိုမစားချင်သလိုစားချင်သလိုနှင့် တို့နန့်တို့နန့်သာစား၍ တခါတခါထထပြုံးလာတဲ့ဂျောင်ကုဟာ ပျော်စရာတွေကိုတွေးရင်းတွေးရင်းပျော်နေဟန်...

" မင်းဘာဖြစ်နေတာလဲ ဂျောင်ကု!"

" ...."

" ဂျောင်ကု! ဂျောင်ကု!!"

" ဟင်..ဘာ..ဘာလဲ"

ဂျီမင့်အော်သံစူးစူးကြောင့် ဂျောင်ကုအတွေးနယ်မှကျော်လွန်၍ သူ့ရှေ့မှသူ့အားဒေါသမျက်ဝန်းတို့အားအကြည့်စုံမိကာ ရင်တွေတုန်၍ အသံတွေပါတုန်သွားရသည်။

စောနကအပျော်တွေမှာဖြင့် လေထဲတိုက်အိမ်ဆောက်သလို...။

" မင်း ဘာတွေတွေးနေတာလဲ??"

" ဘာမှမတွေးပါဘူးးး "

" ငါတစ်ခုပြောပြမယ် ဂျောင်ကု.."

" ဘာလဲ?"

" ပန်းတစ်ပွင့်ရဲ့ တန်ဖိုးကသိပ်အဖိုးတန်လွန်းတယ်...ဒါပေမယ့် အဲ့ပန်းကိုမင်းသာ ငြိုငြင်မှုတွေနဲ့ကြည့်မယ်ဆို အဲ့ပန်းကမင်းအတွက်အသုံးဝင်မှာမဟုတ်ဘူးး...မင်းချစ်တဲ့မျက်လုံးလေးနဲ့ကြည့်ရင် အဲ့ပန်းရဲ့အလှတရားနဲ့ မြင့်လွန်းတဲ့တန်ဖိုးကိုသိလိမ့်မယ်.."

" အဲ့တာငါနဲ့ဘာဆိုင်လဲ.? ညကြီးရူးသွားတာလား ?? ဘာတွေပြောနေမှန်းမသိဘူး"

ဖွဲ့နွဲ့မှုတွေနဲ့အစချီကာ သူ့ကိုတန်ဖိုးထားရန်ပြောနေသော ဂျီမင်မှာ ဂျောင်ကုရဲ့မျက်စောင်းတချက်နဲ့ အပြောတစ်ခုအောက်ရပ်တန့်သွားရသည်။ သူ့စကားကို နားမလည်မှုပြု၍ ကပ်ကပ်လန်အောင်ပြောလိုက်တဲ့ ဂျောင်ကုကြောင့် ဂျီမင်မှာရှက်မိသည်။

သို့သော်..ကြိုက်မရှက် ငိုက်မရှက်မို့..
ပိုင်ဆိုင်နေပြီမှတော့ ဘာရှက်ဖို့လိုသေးလဲနော်..?

" ငါပြောချင်တာက ပန်းတွေကိုချစ်ကြည့်ပါလို့..! အဲ့လိုပြောချင်တာ.."

တစ်ဦးပိုင်နာမ် ( Complete )Where stories live. Discover now