တစ်ဦးပိုင်နာမ်(၁၇)

608 94 31
                                    

အပိုင်း (၁၇)

" မောင့်..!"

" ကျတော် တောင်းပန်ပါတယ် ကျတော့်ကိုအဲ့လိုမလုပ်ပါနဲ့.. ကျတော်အကို့ယောက်ကျားကို ချစ်လွန်းလိုဖြစ်သွားရတာပါ ကျတော့်ကိုမသတ်ပါနဲ့~"

" ဂျောင်ကု~ မောင် မင်းဂျောင်ကုကိုဘာတွေလုပ်နေတာလဲ.? ဟမ်! ဂျောင်ကုထစမ်း! "

ဟိုဆော့ အခန်းအပြင်ကရန်ဖြစ်သံဝိုးတိုးဝါးတားကိုကြားရတာမို့ အခန်းထဲကထွက်လာပြီး အသံရှိရာဧည့်ခန်းဘက်ကိုသွားတော့ မြင်ရတာကထယ်ယောင်းရဲ့ ခြေထောက်တွေကိုကျစ်ကျစ်ပါအောင်ဖက်ပြီး ငိုယိုနေသောဂျောင်ကု။
ဟိုဆော့ ဂျောင်ကုကိုဆွဲထူကာထခိုင်းတော့ ဂျောင်ကုက ငြင်းဆန်၍..

" ခွင့်လွှတ်ပေးပါ~ ကျတော်အကို့ယောက်ကျားကိုအတည်ချစ်မိသွားလို့ပါ.. ကျတော့်ကိုမသတ်ပါနဲ့နော်.."

" မင်းဘာတွေပြောနေတာလဲ.? ငါဘယ်တုန်းကမင်းကိုသတ်မယ်ပြောလို့လဲ.?"

ရုတ်ချည်းပြောင်းလဲသွားတဲ့ အမူအယာတွေ ၊ အပြုအမူတွေနဲ့ဆက်ဆံလာတဲ့ ဂျောင်ကုကိုထယ်ယောင်းနားမလည်နိုင်စွာပြန်ကာမေးမိတော့ ဟိုဆော့ရဲ့တစိမ်းဆန်းလွန်းတဲ့အကြည့်တွေက ထယ်ယောင်းဆီဒိုင်းကနဲရောက်လာသည်။
ဘာလဲ? ဒီအကြည့်တွေကဘယ်လိုသဘောထားမျိုးနဲ့လဲ?

"မောင်.. မင်းကိုငါလုံးဝမထင်ခဲ့ဘူးသိလား.! မင်းဒီလိုအောက်တန်းကျကျနဲ့ကိုယ့်ထက်အငယ်ကို သတ်မယ်အထိလုပ်လိမ့်မယ်လို့ငါမတွေးထားခဲ့ဘူး..! မောင် ဒါကငါမမြင်နိုင်တဲ့မင်းရဲ့ ယုတ်ညံ့တဲ့အပိုင်းလားဟင်..?"

" ဟာ! ငယ်~ မဟုတ်တာ မောင်သူ့ကိုသတ်မယ်လို့မပြောမိပါဘူးကွာ.. မောင်အဲ့လောက် စိတ်ထားမသေးသိမ်ပါဘူး မောင့်ကိုယုံပါ.."

" ဒါဆို သူ့မျက်နှာပေါ်က ဒီအနာတရတွေကဘာတွေလဲ.! ထစမ်း ဂျောင်ကု "

ဟိုဆော့ မျက်ရည်စက်လက်နဲ့ဂျောင်ကုကို လက်မောင်းရင်းကနေ'မ'၍ စောင့်အောင့်ကာထခိုင်းတော့ ဂျောင်ကုကထလာသည်။

ထလာတဲ့ဂျောင်ကုရဲ့ ပါးပြင်နီနီကိုဟိုဆော့ကကိုင်းလိုက်ပြီး ထယ်ယောင်းကိုပြသည်။ပြီး...,

တစ်ဦးပိုင်နာမ် ( Complete )Where stories live. Discover now