တစ်ဦးပိုင်နာမ်(၁၅)

633 99 18
                                    

အပိုင်း (၁၅)

တိတ်ဆိတ်လွန်းနေတယ်...။
ပတ်ဝန်းကျင်အသစ်မို့လို့လားတော့မသိ..ဘာသံမျှကိုပင် မကြားရပေ။
မှောင်ရိပ်သန်းနေချိန်အထိတောင် တိတ်ဆိတ်နေမှုကိုမကြောက်မလန့် အလုပ်ကပြန်မလာသေးသူကို ဟိုဆော့ထွက်စောင့်‌နေတာ အိမ်ရှေ့မှာပင်။
ခွင့်လွှတ်ကြည့်ဖို့..ရှင်းပြချက်ကိုနားထောင်ပေးဖို့အတွက် စောင့်နေမိခြင်းသာ။

ကွယ်ပျောက်သွားတဲ့ နေမင်းကြီးကိုတဆုံးထိလိုက်ကြည့်မိတော့ ပါးပြင်ကနေစီးကျသွားတဲ့မျက်ရည်ပေါက်က လေးလေးပင်ပင်နှင့်။

တ‌ဖြည်းဖြည်းအေးလာတဲ့ ရာသီဉတုကြောင့် ဟိုဆော့အိမ်ထဲကိုဝင်လိုက်သည်။
အိမ်ထဲရောက်တော့ မီးဖိုခန်းထဲကအလုပ်သွားသူအတွက်အဆင်သင့်ခင်းကျင်းထားတဲ့ အေးစက်နေသောညစာတွေကို ဟိုဆော့လွှင့်ပစ်လိုက်သည်။
အေးစက်နေပြီမလား ဘယ်သူကစားချင်ဦးမှာလဲ..?
အဲ့လိုပဲ..ရိုးသွားလို့.များ..မဟုတ်တာ!

ဟိုဆော့မဟုတ်တဲ့မတွေးတွေကို ခါထုတ်ရင်း အိပ်ခန်းထဲသာဝင်နေလိုက်သည်။
နေ့လည်ကတည်းက မဖြည့်ရသေးတဲ့ဗိုက်က အသံတွေညံနေအောင်ထွက်နေပေမယ့် ဟိုဆော့အိပ်ယာပေါ်မှောက်လျက်သာအိပ်ပစ်လိုက်သည်။
မောင်မရှိပဲ ညစာမှမစားတက်တာ!
ညစာဆိုတာ အိမ်ထောင်တစ်ခုရဲ့အသက်ပဲမို့ မောင်ကသူမပါရင်မစားစေဖူးဘူး။
ဟိုဆော့ဘက်ကလည်း မောင်ပါမှသာစားသည်။ထိုသည်ကကျင့်ဝတ်တစ်ခုလိုပင်။

အချိန်တွေကြာတော့ ဟိုဆော့မျက်လုံးတွေက ပိတ်သွားသည်။
သူအိပ်ပျော်သွားပြီ..။

At 7:24 pm

ထယ်ယောင်း ဒီနေ့ကပထမဦးဆုံးအလုပ်ဆင်းရက်မို့ ဝန်ထမ်းတွေနှင့်ရင်းနှီးအောင် ညစာစားပွဲကျင်းပခဲ့ခြင်းကြောင့် အိမ်ပြန်နောက်ကျသွားသည်။
ကြိုတင်မစီစဉ်ပဲ ညစာစားပွဲကဖြစ်သွားတာမို့ ဟိုဆော့ကို အသိမပေးခဲ့ရခြင်းဖြစ်သည်။
တောင်ပေါ်မှာမို့ ဖုန်းလိုင်းကလည်းမရှိ ၊ ထို့ကြောင့် ဖုန်းဆက်၍အကြောင်းကြားလို့လဲမရတာမို့ ထိုအတိုင်းသာနေခဲ့ရသည်။
ညစာစားပွဲက အချိန်တော်တော်ယူသွားတာမို့ ခုလို(၇)နာရီကျော်မှသာ အိမ်ကိုပြန်ရောက်တာ။

တစ်ဦးပိုင်နာမ် ( Complete )Where stories live. Discover now